Ep_11

6K 740 30
                                    

Unicode

နံနက် 7 နာရီ

ခရီးဆောင်အိတ်နှင့် ဝယ်လာသောအထုပ်များအား ဘယ်တစ်ဖက်၊ညာတစ်ဖက်ဆွဲထားကာ ကျောပိုးအိတ်တစ်လုံးလည်းလွယ်ထား‌သေးသည်။မနိုင်မနင်းဖြင့် အိတ်များအား အိမ်ထဲသို့ တရွတ်တိုက်ဆွဲကာ ဝင်လာပြီးနောက် ဧည့်ခန်းထဲတွင်တစ်ယောက်မှမတွေ့သဖြင့် အထုပ်ကိုလည်းဆက်မသယ်တော့ပဲ ဘေးထောင့်တွင်ပုံထားကာ ဆိုဖာပေါ်သို့ပစ်လဲှလိုက်သည်။

‌ခြေကားယား လက်ကားယားနှင့်လှဲနေကာ..

အိမ်တံခါးတွေဖွင့်ထားပြီး တစ်ယောက်မှလည်းမတွေ့ဘူး မေမေနဲ့မကီ ဘယ်ကိုရောက်နေကြတာလဲ။မဖြစ်သေးပါဘူး အော်ခေါ်ကြည့်ရမယ်။

"မေမေရေ သားပြန်ရောက်ပြီ"

"လာပြီ ငါ့သားရေ ဒီနေ့ကသားပြန်ရောက်မယ့်နေ့ဆိုတော့ မေမေ့သားကြိုက်တဲ့‌ေရွှတောင်ခေါက်ဆွဲချက်နေတာ ကျက်တော့မကျက်သေးဘူး ဗိုက်ဆာနေပြီလားသား"

အိမ်နောက်ဖေးမှ ယောက်မတစ်ချောင်းကိုင်ကာ အမေ အပြေးအလွွှားထွက်လာသည်။ ကူကူးဆိုဖာပေါ်မှ ထထိုင်လိုက်ကာ..

"မဆာသေးဘူးမေမေ သားရေမိုးချိုးပြီး တစ်ရေးလောက်အိပ်လိုက်အုံးမယ် နိုးမှပဲစားတော့မယ်"

"ရတယ် ရတယ် ငါ့သားလေးပင်ပန်းလာတာပဲ သားနိုးရင်စားဖို့ မေမေအသင့်ပြင်ထားလိုက်မယ်"

"ဟုတ်မေမေ"

မစားသေးကြောင်းပြောပြီးနောက် တစ်ချက်ပြေးဖက်လိုက်သည်။ မအေဖြစ်သူပြုံးပြကာ နောက်ဖေးသို့ပြန်ဝင်သွားပြီးနောက်မှ အပေါ်ထပ်သို့တက်ရန် အထုပ်များထပ်ဆွဲနေရပြန်သည်။ ခရီးပန်းလာသဖြင့် အထုပ်မရန်အားမရိှတော့ပေ။ ဝင်လာတုန်းကအတိုင်း လေှကားထစ်များ‌ပေါ်သို့ တရွတ်တိုက်ဆွဲကာ တက်သွားသည်။

အခန်းတံခါးဖွင့်ပြီးသည့်နောက် ခုတင်ခြေရင်းတွင်အထုပ်များချလိုက်ကာ ရေချိုးရန် အပေါ်ဝတ်အားဆွဲချွတ်လိုက်သည်။ အထုပ်သယ်လာရသဖြင့် နဖူးစပ်တွင် ချွေးများစို့နေသည်။ တပ်ထားသောမျက်မှန်ကိုချွတ်ကာ ခုံပေါ်တင်လိုက်ပြီး ချွေးများအား လက်နှင့်အသာအယာသုတ်လိုက်သည်။

သူမှလွဲ၍ _CompletedOù les histoires vivent. Découvrez maintenant