Ep_3

8.1K 974 19
                                    

Unicode

January 9,2017

"မိုဝီ မလိုက်တော့ဘူးလား"

"ငါဒီနေ့သင်တန်းရိှလို့ သွားရမယ်"

ကျောင်းဝန်းအတွင်းရိှ busကားမှတ်တိုင်တွင် မုန့်သွားစားရန်ဆွေးနွေး‌ေနကြသည်။

သို့သော် သင်တန်းရိှသဖြင့်လိုက်လို့ကမရ။ မိုဝီမှာ ပုံဆွဲဝါသနာပါသဖြင့် Digital drawing သင်တန်းကို သေချာအချိန်ပေး၍တက်သူြဖစ်သည်။

"ဟာကွာ ပြဿနာပဲ သင်တန်းနောက်ကျ‌နေပြီကေရေငါသွားပြီနော်"

သူငယ်ချင်းဖြစ်သူ အားလက်ပြနှုတ်ဆက်ကာ YBS 87ပေါ ်သို့ အပြေးတက်သွားခဲ့သည်။ နောက်ကျခြင်းကို မလိုလားသူမိုဝီတစ်ယောက် လှည်းတန်းမှတ်တိုင်တွင်ဆင်းကာ ‌ကျောပိုးအိတ်ကိုစလွယ်သိုင်း၍ သွက်လက်သော ‌ခြေလှမ်းများဖြင့် သင်တန်းဆီသို့ဦးတည်လာခဲ့သည်။

အပတ်တကုတ် သင်ကြားပြီးသည့်နောက် နာရီကိုကြည့်လိုက်ရာ အချိန်မှာ ညနေသုံးနာရီထိုး‌နေပြီဖြစ်သည်။ နောက်ကျမှဆင်းရသဖြင့် ဗိုက်မှာဆာသည်ထက် နာသည်က ပိုလာသည်။ ကျောင်းတွင်လည်း အတန်းချိန်များအရေးတကြီးတက်ထားရသောကြောင့် မုန့်စားချိန်ပင်မရလိုက်‌။

ထို့ကြောင့် ဆာနေသော ဗိုက်ကိုပွတ်ကာ ဦးထွန်းလင်းခြံလမ်းထဲရိှ ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်သို့ ဝင်ထိုင်လိုက်သည်။

"အန်တီရေ ရှမ်းခေါက်ဆွဲတစ်ပွဲ အနှစ်ရွဲရွဲနဲ့နော်"

"ရှမ်းခေါက်ဆွဲတစ်ပွဲ အနှစ်ရွဲရွဲနဲ့ပေးပါ"

ဘေးတွင် ဝင်ထိုင်သောလူတစ်ယောက်နှင့် အတူတူ သံပြိုင်မှာမိကြသည်။မိုဝီတစ်ယောက် သူ့ဘေးက လူအား မျက်ခုံးပင့်ကာ ခေါင်းအစ‌ေြခအဆုံး အကဲခတ်နေသည်။

ဒီအချိန်ကြီး ပူရတဲ့အထဲ ဝတ်စုံ အပြည့်ဝတ် ပြီး ရှမ်းခေါက်ဆွဲဆိုင်မှာတောင် အေးအေးလူလူလာဝင်စားနိုင်သေးတယ်။သူ့အစား ကြည့်နေရတဲ့လူတောင်ပူတယ် ဘယ်လိုနေနေနိုင်လဲမသိဘူး။

ထိုသူမှာ အသားတော့ တော်တော်ဖြူသည်။ ဆံပင်မေှာင်‌မေှာင်နက်နက်‌ဖြင့် နိုင်ငံခြားသားရုပ် နည်းနည်းပေါက်သည်။‌ ခြေတံ၊လက်တံရှည်ရှည်နှင့် ရှိုးအပြည့်၊စတိုင်အပြည့်ဝတ်ထားသည်သာမက ဆိုင်ထဲရောက်တာတောင် နေကာမျက်မှန်မည်းမည်းကြီးအား မချွတ်တမ်းတပ်ထားကာ ‌ခြေနှစ်ချောင်းချိတ်ထိုင်နေသည်။ကြည့်ရတာ‌တော့ သူဌေးသားဆိုက်။

သူမှလွဲ၍ _CompletedWhere stories live. Discover now