Ep_2

10.4K 1.1K 21
                                    

Unicode...

ဒေါက်.... ဒေါက်....ဒေါက်

"ကျွန်တော်ဝင်လာပြီနော် ကိုနှိုင်း"

"စုံစမ်းခိုင်းထားတာရပြီလား"

အခန်းအတွင်းရိှ ထိုင်ခုံပေါ်တွင် အနောက်တိုင်းဝတ်စုံအနက်ရောင်နှင့်တီရှပ်အဖြူဝတ်ဆင်ထားကာ ခြေနှစ်ချောင်းချိတ်၍ထိုင်နေသူ။ ခန္ဓာကိုယ်မှာ ခပ်တောင့်တောင့် ၊ တည်ကြည်ခံ့ညားသောရုပ်ရည် ၊ ဖြူ‌ဖွေးသောအသား ၊ ရှည်လျားသောအရပ်နှင့် သွေးကြောစိမ်းများထင်းနေသော လက်သွယ်သွယ်‌က‌လေးနှစ်စုံ ။ ‌‌ရေှ့စားပွဲခုံပေါ်၌ ဖန်သားစစ်စစ်ဖြင့် ထွင်းထုထားသော နာမည်မှာ Sue Thit Hnine(ဆူးသစ်နှိုင်း)

"ကိုနှိုင်းရှာခိုင်းထားတဲ့လူက ခုရန်ကုန်မှာမရိှပါဘူး ရှမ်းပြည်ဘက်မှာ တိမ်းရေှာင်နေတယ်လို့ သိရပါတယ်"

"သူများသားသမီးကို ဒုက္ခရောက်အောင် လုပ်တုန်းကလုပ်ပြီး ခုကျမှ ထွက်ပြေးနေတယ်တဲ့လား လူမဆန်လိုက်တာ တောက်.."

ကြားရသောစကားကြောင့် ချက်ချင်းဆိုသလိုပင် မျက်နှာမှာနီရဲကာ ဒေါသစိတ်များ တစ်ဟုန်တည်းပေါ်‌ထွက်လာသည်။ စားပွဲအားလက်သီးဖြင့်ထုကာ အောက်နှုတ်ခမ်းကို သွေးထွက်မတတ် ခပ်တင်းတင်း တစ်ချက်ကိုက်လိုက်သည်။

"ပုန်းနိုင်တုန်း ပုန်းထားအုံးပေါ့ ခင်ဗျားကို တစ်ကမ္ဘာလုံး ‌မြေလှန်ပြီးပဲရှာရရှာရကျွန်တော့်အသက် မသေဆုံးခင်အထိခင်ဗျားကိုတွေ့အောင်ရှာပြမယ်"
___________________

နေရောင်ခြည်နုနုအောက် လတ်ဆတ်သောလေကို တစ်ဝကြီးရှုရှိုက် ရသည်မှာ အလွန်ပင် စိတ်ချမ်း‌မြေ့ဖွယ်ကောင်းသည်။ ကောင်းကင်ပြာပြာကြီးနှင့် လိုက်ဖက်ညီလွန်းလှသော တိမ်ဖြူဖြူလေးများမှာ ဟိုတစ်ကွက် သည်တစ်ကွက်နှင့်ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။

‌တောအုပ်သဖွယ် သစ်ပင်စိမ်းစိမ်းကလေးများဝိုင်းရံထားသော အိမ်ကလေးတစ်လုံး၏ရေ့ှတွင် အနွေးထည် မထူမပါးကလေးဝတ်ကာ မတ်တပ်ရပ်နေသောကျွန်တော်။

"ကလေး နိုးနေပြီလား"

ရုတ်တရက် ‌အနောက်ဘက်မှ ကြားလိုက်ရသော အသံချိုချိုလေးတစ်ခု။ ခပ်ငယ်ငယ် ယောက်ျားလေးတစ်ယောက်ဖြစ်မည်ထင်သည်။ လှည့်ကြည့်မည်အလုပ် ထိုသူသည် အနောက်ဖက်မှနေ၍ ကျွန်တော့်ခါးအား ဆွဲကာဖက်လိုက်သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now