အမုန်းခံ၍ချစ်မယ်

2K 82 10
                                    

အမုန်းခံ၍ချစ်မယ်
Final Part

Na တို့ ရိုက်ကူးရေး မစခင် ရိုက်ကွင်းမှာ Dialogue ဖတ်နေတုန်း..

တီတီ..တီတီ... တီတီက မင်းသမီး Nara မလား တီတီက အပြင်မှာ ပိုချောတာပဲ ....မီးမီးနာမည်က Melan ပါ မီးမီးကတီတီ့ကိုအရမ်းကြိုက်တာ မီးမီးလည်း တီတီ့လို မင်းသမီးဖြစ်ချင်တာ

ဘေးနားကနေ မပီကလာအသံလေးနဲ့ ကိုယ့်ကိုလာမိတ်ဆက်နေတဲ့ ကလေးမလေးကိုကြည့်လိုက်မိတော့ Na ပြောစရာ စကားများပင်မရှိလောက်အောင် ပျောက်ဆုံးသွားရသည်။ Melan ဆိုတဲ့ ကလေးလေးက ကိုကို့နဲ့တထေရာတည်းတူနေတာကိုး။ မှဲ့နေရာလေးကအစ လုံးဝမလွဲ။ မျက်လုံးလေးတွေ နှာတံလေးတွေ နှုတ်ခမ်းလေးတွေ မေးစေ့ကမှဲ့ကလေးတွေ ကိုကိုနဲ့လုံးဝချွတ်စွပ်ပဲ။ သွက်လက်တာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေက P'နဲ့တထပ်တည်း။

Na ရိုက်ကူးရေးပြီးတော့ ထိုကလေးမလေးတို့ နောက်ကို လိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ Na ထင်တာသာ မမှားဘူးဆိုရင် Melan က P'Plan ဆီပါသွားတဲ့ ကိုကိုတို့ရဲ့ ကလေးပဲဖစ်ရမယ်။ ဒါဆို P'Plan လည်း ဒီရွာလေးမှာပဲရောက်နေတာပေါ့။ ဒါကိုအတည်ပြုဖို့အတွက်  ကလေးနောက်ကလိုက်ပြီး ကလေးဝင်သွားတဲ့အိမ်ထဲကနေ ထွက်လာတဲ့ အမျိုးသားတယောက်

P'...P'Planမလား...ဟုတ်ပါတယ် P'Plan...

Plan Melan လေးကိုထွက်ကြိုတော့ နောင်ကနေ Plan ကိုခေါါလို့ကြည့်လိုက်တော့ Na...
Na က ဘာလို့ ဒီရွာ ရောက်နေပါလိမ့်...Melanပြောတဲ့ ရုပ်ရှင်အဖွဲ့ကသူတို့ပဲဖြစ်မှာ...Na သာ Plan ကိုတွေ့သွားပြီဆိုတော့ ကိုကိုလည်း သိသွားမှာပဲ...

လူမှားနေတယ်ထင်တယ်..ဒီကညီမ..အကို့နာမည် Leo ပါ Melan လာ အိမ်ထဲဝင်ရအောင်...

Plan Mealan လေး လက်ကိုဆဲဲပီး အိမ်ထဲဝင်မည်အလုပ် Na က အရှေ့က လာပိတ်ရပ်ပြီး

မဟုတ်ပါဘူး P'..P'က P'Plan ဆိုတာ Na သေချာသိနေတယ်....P' ကိုကို့ကို အထင်လွဲနေ...

Leo ဧည့်သည်လား..ဘယ်သူလဲ...

နောက်ကနေ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ လူတယောက်ကလာမေးတော့...

ကျတော်လည်း မသိဘူး P'...လူမှားနေပါတယ်ဆိုတာကို...

မဟုတ်ဘူးP'..P'က P'Plan ဆိုတာ ညီမသေချာတယ်...

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now