အမုန်းခံ၍ချစ်​မယ်

4.1K 136 5
                                    

ခု ချက်​ချင်း ကုတင်​​အောက်​ ဆင်းအိပ်​စမ်း Plan

Plan ကို ကိုကိုက စ​နေတယ်​လို့ Plan ထင်​လိုက်​မိတာပါ
ဒါ​ကြောင့်​ မို့..Planဘာမှမ​ပြောပဲ
ပြုံးတုံးတုံးလုပ်​ကာ အဝတ်​အစား​တွေကို
သေ​သေသပ်​သပ်​ ​ခေါက်​သိမ်း​နေလိုက်​သည်​။

အမှတ်​မထင်​ ကုတင်​ ​ပေါ်က ဆွဲချခံလိုက်​ရ​တော့
Plan ဟန်​မ​ဆောင်​နိုင်​ဘဲ ကြမ်းပြင်​​ပေါ် ​ခွေ​ခွေ​လေး ပြုတ်​ကျသွား​လေသည်​။

ကိုကို.....ဘယ်​လိုလုပ်​လိုက်​တာလဲ

မြင်​တဲ့အတိုင်းပဲ​လေ...မင်းလို စာ​ရေးဆရာ​ပေါက်​စ​လေးက ငါလို သူ​ဌေးသားကို မှန်း​ချင်​​နေ​သေးတယ်​....ဟဟ...ရီရတယ်

ကိုကို ဘာ​တွေ​ပြော​နေတာပါလိမ့်​။ ကိုကို​ပြော​နေတဲ့စကား​တွေက Plan ကို ရိုက်​နှက်​တာထက်​ ပို၍ နာကျင်​ရသည်​။

ကိုကို...ကိုကို...ဘာ​ပြော...

Plan စကား​တွေ တစ်​လုံးချင်း ထစ်​အစွာ ထွက်​လာစဉ်​မှာ ပင်​ ဆက်​မ​ပြော​စေရန်​ ကိုကိုက လက်​ဝါးနဲ့ Plan ပါးစပ်​ကို ခပ်​ကြမ်းကြမ်း အပိတ်​ခံလိုက်​ရ​တော့၏

မင်းကို ငါ လက်​ထပ်​ ခဲ့တာ မင်းကို ချစ်​လွန်းလို့ မှတ်​​နေတာလား မင်းကို ကလဲ့စား​ချေ ဖို့ကွ မှတ်​ထား မြဲမြဲမှတ်​ထား ဟား..ဟား..ဟား

ကိုကို ရီသံ​တွေက ​ခြောက်​ကပ်​ကပ်​နှင့်
အခန်းထဲ ဟိန်းထွက်​လာကာ ကိုကို အမူအရာ ကလည်း
ဘီးလူးတစ်​​ကောင်​လို။

Plan မျက်​ရည်​လည်​ရွဲနဲ့သာ မျက်​လုံး​လေး ပြူး၍ ကြည့်​​နေမိလိုက်​သည်​။

ကိုကို...ကိုကို..ဘာကိုဆိုလိုတာလဲ Plan တကယ်​နားမလည်​ ဘူး

မင်းက ​အောင်​နိုင်​သူကိုး...ဘယ်​နားလည်​မလဲ...ငါတို့က ခံစားရတဲ့သူတသက်​ ​မေ့နိုင်​မှာတဲ့လား

Plan ပါး​ပေါ်က မျက်​ရည်​​တွေကို ခပ်​ကြမ်းကြမ်း သုတ်​ပစ်​လိုက်​သည်​။

မင်း မင်းသမီး Nira ကို​တော့ သိမှာ​ပေါ့...မင်း​ကြောင့်​ ကိုမာဖြစ်​ပြီး  အိပ်​ယာထဲ လဲ​နေတဲ့ မင်းသမီး Nira က ငါ့ညီမကွ...

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now