အမုန်းခံ၍ချစ်​မယ်​ Part 10

1.2K 97 3
                                    

မင်း..ငါ့​ရှေ့က ထွက်​သွား​ပေးပါ.Plan..

Mean စကား​ကြောင့်​ Plan အံသြသွားရသည်​။
သူကပဲ​ပြောရတယ်​ရှိ​သေး...
Plan လည်း စကားဆက်​မ​ပြောချင်​တာနဲ့ အခန်းထဲ ဝင်​လာခဲ့လိုက်​သည်​။

ဟူး.ဒါကငါ့အတွက်​ ဘယ်​လို ဝဋ်​​ကြွေး ​တွေလည်း​နော်​..
ငါဘယ်​လို ​ရှေ့်ဆက်​ရမလဲ..

Plan ရယ်​..ကိုယ်​တို့ တဖြည်းဖြည်း ​ဝေးသွား​တော့မှာလားကွာ..
******
နောက်​​နေ့ မနက်​ မိုးလင်း​တော့ Plan ​တော်​​တော်​ အခက်​​တွေ့​နေပါသည်​။ မျက်​နှာသစ်​လို့လည်းမရ..​ခေါင်းကလည်း ရှုပ်​ပွကာ ဖီးမရ ပြုမရ...
ဒါကို ရိပ်​မိတဲ့ Mean က..

လာ..ကိုယ်​ ​ခေါင်းဖီး​ပေးမယ်​..

Plan ဘာမှပြန်​မ​ပြောခဲ့ပါ..
ပြန်​​ပြောဖို့လည်း အားမရှိ​တော့ပါ..

Mean အလုပ်​သွား​တော့ Plan ​လေးပျင်း​နေတာနဲ့ အဝတ်​​တွေကို စက်​နဲ့ ​လျှော်​​နေလိုက်​သည်​။

အဲဒါ..ဘာလုပ်​​နေတာလဲ.. ​ရေနဲ့ထိ​တော့ လက်​က ​တော်​​တော်​နဲ့ ​ကောင်းပါ့မလား..လာခဲ့..အ့တာ​တွေ ထားလိုက်​..

Mean Plan လက်​ကို ဆွဲ​ခေါ်ကာ..

ထမင်း​ကော စားပြီးပြီလား..

Plan လည်း စိတ်​ဆိုးမ​ပြေ​သေးတာနဲ့ ​ခေါင်းပဲခါပြပြီး..မျက်​နှာလွှဲ​နေလိုက်​သည်​။

Mean က Plan ကို ထမင်းကို ကိုယ်​တိုင်​ ခွံ​ကျွေး​နေတာ​ကြောင့်​ Plan ​အ​နေခက်​လာသည်​။တဆက်​တည်းမှာပဲ ​ဒေါသက ဘယ်​ကဘယ်​လို ထွက်​လာမှန်းမသိ...

ဘာလဲ..ခင်​ဗျားက ကျ​တော့ကို ​လျော့လိုက်​တင်းလိုက်​နဲ့ နွားများမှတ်​​နေတာလား..လူဗျ..လူ..လူ..အသည်းနှလုံးနဲ့လူပါဗျ..ခင်​ဗျားက ကျ​တော့ အသည်းကို အနာ​ပေးလိုက်​ ​ဆေး​ပေးလိုက်​နဲ့..ကျ​တော့ အသည်းလဲရစရာမရှိ​တော့ဘူးဗျ..ခင်​ဗျားသိလား..

Plan ခုတ​လော သည်းခံခဲ့ရတာ​တွေ​ရော စိတ်​မွန်းကျပ်​တာ​တွေပါ​ပေါင်း၍  စိတ်​ရှိလက်​ရှိ ​အော်​​ပြောလိုက်​သည်​။
Planရဲ့ ဝါသနာပါတဲ့ အလုပ်​ကို နားရတာ​ကြောင့်​ စိတ်​ဓာတ်​ကျ​နေတာ​ကြောင့်​လည်းပါတာ​ပေါ့..

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now