အမုန်းခံ၍ချစ်​မယ်​ Part 14

1.6K 82 6
                                    

Plan ကိုကို နဲ့ Na မရှိတုန်း စာတစ်​​စောင်​​ရေးပြီး အိမ်​ကထွက်​လာလိုက်​သည်​။ သည်းမခံနိုင်​​တော့လို့သာ ထွက်​လာရတာ ဘယ်​သွားလို့ သွားရမှန်းကမသိ။ ဘာမှလည်းမစဉ်းစားတတ်​​တော့ဘူး။
သွားစမ်း Plan သွား...မင်းအ​ပေါ်ရက်​စက်​တဲ့သူနဲ့ ​ဝေးနိုင်​သမျှ ​ဝေး​အောင်​ မင်းထွက်​သွားလိုက်​စမ်းပါ ။ ဟုတ်​တယ်​ အ​ဝေးဆုံး ကို ထွက်​သွားရမယ်​ ။ ကိုယ့်​အ​ပေါ် ဘယ်​လို နှိပ်​စက်​နှိပ်​စက်​ သည်းခံနိုင်​​တယ်​။ ​ဖောက်​ပြန်​တာ သစ္စာ မရှိတာ မျိုး​တော့ Plan Rathavit တို့က ကိုယ်​တိုင်​လည်းမလုပ်​သလို ကိုယ့်​ကို လာလုပ်​ရင်​လည်း ခွင့်​မလွှတ်​ဘူး ။ ကိုယ်​ချစ်​တဲ့သူက ကိုယ်​မကြိုက်​တာ လုပ်​လာတဲ့အခါ သူ့ကို မစွန့်​လွှတ်​နိုင်​ရင်​ ခွင့်​လွှတ်​နိုင်​​အောင်​ကြိုးစားရတယ်​။ ခွင့်​မလွှတ်​နိုင်​ရင်​​တော့ ကိုယ်​ချစ်​တဲ့သူကိုပဲ စွန့်​လွှတ်​နိုင်​ရမှာ​ပေါ့။ အခုလို ​ဖောက်​ပြန်​တာမျိုးက​တော့ ခွင့်​မလွှတ်​နိုင်​တာမို့ ချစ်​ခဲ့​ပေမဲ့လဲ စွန့်​လွှတ်​နိုင်​​အောင်​ကြိုးစားပြီး ကျ​နော်​ စွန့်​လွှတ်​ခဲ့ပါပြီ။ သူ့ကိုမလွမ်းဘူးလားဆို​တော့ ဟုတ်​ကဲ့ အိမ်​က စ ထွက်​လာတာ နာရီပိုင်း​လေးပဲ ရှိပါ​သေးတယ်​။ ကျ​တော်​ သူ့ကို လွမ်း​နေပါပြီ။ ဒါ​ပေမဲ့ လွမ်းတဲ့ စိတ်​က ဖြစ်​လာတိုင်း ကိုယ့်​အ​ပေါ်​ဖောက်​ပြန်​တယ်​ ဆိုတဲ့ နာကြည်းစိတ်​က ကပ်​ပါလာတာမို့် အကြာကြီး​တော့ မလွမ်းပါဘူး။ ​နောက်​ဆုံး ​တွေးမိတာ​တော့ မုန်းတယ်​...မုန်းရမယ်​...ဟုတ်​တယ်​ ကျ​တော်​ ခင်​ဗျားကို မုန်းတယ်​ ကျ​နော့ပဲ သစ္စာ မရှိတဲ့ ခင်​ဗျားကို မုန်းတယ်​။  Plan မျက်​လုံးအိမ်​ထဲမှာလည်း မျက်​ရည်​​တွေ ပြည့်​​နေတာမို့ ပတ်​ဝန်းကျင်​ကို ​ကောင်း​ကောင်းပင်​မမြင်​ရ။ အလိုက်​မသိ ထွက်​လာတဲ့ မျက်​ရည်​​တွေကို လက်​ဖမိုးနဲ့ ဖိသုတ်​ပြီး ​ရှေ့ကိုကြည့်​လိုက်​​တော့ လမ်းချိုးက​နေ ကိုယ့်​ဆီ တည့်​တည့်​ဝင်​လာ​နေတဲ့ ကားတစ်​စီး။ ​နောက်​ဆုံး ကျ​တော်​ မြင်​လိုက်​ရတာက ​ဘေးနားက ​အော်​ဟစ်​သတိ​ပေး​နေတဲ့လူ​တွေရယ်​ ကျ​တော့ဆီ တည့်​ဝင်​လာတဲ့ကားရယ်​။ ပြီး​နောက်​မှာ​တော့ ကျ​တော်​ အ​မှောင်​ကမ္ဘာဆီသို့​ရောက်​သွားရ​သည်​။
💙💚💚💙💙
အား..ကျွတ်​ ကျွတ်

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now