အမုန်းခံ၍ချစ်​မယ်​ Part 2

2.2K 93 2
                                    

ဟတ်​ချိုး...ဟတ်​ချိုး.....

Plan ဆံပင်​​တွေပါ ​ပေကုန်​တာမို့လို့ ​ခေါင်းပါ ​လျှော်​ပစ်​လိုက်​သည်​။ ခု​တော့ နှာ​တွေ​ချေပြီး အ​ခြေအ​နေက  မ​ကောင်းချင်​​တော့...

Mean တ​ယောက်​ Plan ကိုသာ ရှာ​နေမိသည်​။
စိတ်​​တွေက သူ​လေးကိုမှမမြင်​ရရင်​ လွမ်းသလိုလို ဘာလိုလိုနဲ့
မ​နေတတ်​မထိုင်​တတ်​ဖြစ်​ရသည်​။
ခဏတာ​လေး​တွေ့လိုက်​ရတဲ့ ​ကောင်​​လေးတ​ယောက်​ကို စွဲစွဲမြဲမြဲ မြတ်​မြတ်​နိုးနိုး ချစ်​​နေမိတာ ကိုယ့်​ကိုယ်​ကို လည်း အံသြလို့မဆုံး...

ဟော!!​တွေ့ပါပြီ ကျ​တော်​ ချစ်​ရတဲ့ သူလေး!! ကြည့်​ပါအုန်း!!​ခေါင်း​လျှော်​ထားတာ ဆံပင်​က ​ရေ တစက်​စက်​နဲ့ ဖျား​တော့မှာပဲ ကွာ...

Plan...

ဟုတ်​..ဆရာ...ကျ​တော့ကို ဘာခိုင်းမလို့လဲ...

အော်​...ကိုယ်​ကပဲ သူ့ကို ခိုင်းစရာရှိမှပဲ ​ခေါ်ရမလို...

အင်း..ဟုတ်​တယ်​..ခိုင်းမို့...​ရော့...Plan...မင်း​ခေါင်းကို တဘက်​နဲ့ ​သုတ်​လိုက်​အုန်း..ဘာလို့​သေချာမသုတ်​တာလဲ... ဖျား​တော့မယ်​...ကယ်​ဆယ်​​ရေးလာတာ သူတို့ကို မကူညီရပဲ ကိုယ့်​ကိုယ်​ကို ပြန်​ပြုစု​နေရအုန်းမယ်​..​ရော့

Plan သူ​ကမ်း​ပေးတဲ့ တဘက်​ကို ကမ်းယူလိုက်​ပြီး..

ဟီးးး ​ကျေးဇူးပါ ဆရာ Plan ပါလာတဲ့ တဘက်​​ရော အ​နွေးထည်​​ရော ​ကောင်​​လေးတ​ယောက်​ကို သနားလို့ ​ပေးလိုက်​လို့...

သူများသာ သနားတတ်​တာ ကိုယ့်​ကိုယ်​ကို ကျ မသနားတတ်​ပါလားကွာ...မင်းကို ကိုယ်​ဂရုစိုက်​​ပေးပါ့မယ်​ စိတ်​ချပါPlan...

Mean သူဝတ်​ထား​သော အ​ပေါ်ထပ်​ အ​နွေးထည်​​လေးကို Plan ကိုယ်​​လေး​ပေါ်ခြုံ​ပေးလိုက်​သည်​။

Plan လဲ နည်းနည်း​အေး​နေတာနဲ့ Mean ​ပေးတဲ့ အ​နွေးထည်​​လေးကို ဝတ်​ထားလိုက်​သည်​။ Plan Mean အ​နွေးထည်​​လေးကို ဝတ်​ထားတာမြင်​​တော့...

ဟယ်​ Plan ​ရေ ထီထိုးလိုက်​​တော့...​ပေါက်​မှာ​သေချာတယ်​...

အရင်းမရှိ အဖျားမရှိ ​ပြောလိုက်​တာမို့ Plan ​ကြောင်​သွားသည်​။

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now