အမုန်းခံ၍ချစ်​မယ်​ Part 4

1.3K 87 2
                                    

Plan စကားကို Mean ကြားလိုက်​ရ၍ စိတ်​ထဲမှာ
စိတ်​မ​ကောင်းသွားတာ​တော့ အမှန်​ပါ
Mean အဲ့လို ရည်​ရွယ်​ပြီး​ပြောတာမဟုတ်​ရိုးအမှန်​ပါ..
ဒါ​ပေမဲ့..Plan အထင်​လွဲသွားပြီ
ဒါ​ပေမဲ့ Mean ရှင်းပြဖို့မကြိုးစားခဲ့မိဘူး...
အဲ့လို မရှင်းပြခဲ့တာသာ​နောက်​ကျ Mean တို့အတွက်​ အ​နှောင့်​အယှက်​ဖြစ်​​စေမယ်​ဆိုတာသာ သိခဲ့ရင်

မင်းကြိုက်​သလိုသာထင်​လိုက်

ဘာတဲ့..ကြိုက်​သလို ထင်​တဲ့လား...​အော်​..ငါ့ဘဝက အ​ပျော် တဲ့လား..ဒီစကားက Plan ကို သတ်​​နေသလိုပါပဲ ကိုကိုရယ်​...

ကောင်းပါပြီ..Plan ကလည်း ​ပျော်​​တော်​ဆက်​လိုမျိုး..ကိုကို စိတ်​တိုင်းကျ ​နေ​ပေးပါ့မယ်​...

Plan ရင်​ထဲမှာေုဗာင်းဆန်​​နေ​ပေမဲ့ ကိုကိုမမြင်​​အောင်​ အံကိုကြိတ်​ကာ ​ခေါင်းကို​မော့၍ တည်​ငြိမ်​စွာ ​ပြောလိုက်​သည်​။

နေချင်​သလိုသာ ​နေကွာ...​တောက်​..အာရုံကို​နောက်​တယ်

Mean ​ဒေါသတကြီး​ပြောကာ အခန်းထဲက တံခါး​စောင့်​ပိတ်​ကာ ထွက်​လာလိုက်​သည်​။

Plan ကိုယ်​လိုချင်​တာ ဒီလို မဟုတ်​ဘူး...​အေး​အေး​ဆေး​ဆေး တည်​ငြိမ်​တဲ့ပုံ ဖမ်း​မ​နေပါနဲ့ကွာ...မင်းက ​ပျော်​​ပျော်​ရွှင်​ရွှင်​ တက်​တက်​ကြွကြွ ​နေတတ်​တဲ့ သူတ​ယောက်​ပါ...မင်း ​သွေး​အေးသွားမှာ ကိုယ်​​ကြောက်​တယ်​...မင်းအ​ကြောင်းကိုယ်​သာအသိဆုံးပါကွာ..
ညီမ​လေး​ကြောင့်​သာ မင်းကို ကိုယ်​စိတ်​နာ​နေတာပါ..
ကိုယ်​ကမင်းကို​နောင်​တရပြီး ​တောင်းပန်​​စေချင်​တာ.....
မင်းအ​ပေါ်ထားတဲ့ ကျန်​တဲ့အပိုင်းက အရင်​တိုင်းပဲ အရင်​တိုင်း​လေးပါပဲ..Plan ရယ်​...

Plan မအိပ်​​သေးဘူးလား...

Mean စကားမရှိ စကားရှာပြီး ​ပြောလိုက်​​တော့ Plan ဆီမှ

မအိပ်​​သေးဘူး
ဟူ​သော တစ်​ခွန်းသာ ခပ်​ပြတ်​ပြတ်​ ပြန်​​ပြောတာမို့ Mean သက်​ပြင်း တစ်​ချက်​ချလိုက်​သည်​။

ဟူး..တကယ်​မလွယ်​စိန်​​လေးပါပဲလား...
ငါသူ့အ​ပေါ်ရက်​စက်​ခဲ့မိတာ​တွေအတွက်​​ရော...သူက ခွက့်​လွှတ်​နိုင်​ပါ့မလား...Mean Plan စာ​ရေး​နေတာကို ကြည့်​​နေရင်း ဘာ်​အချိန်​ အိပ်​​ပျော်​သွားမှန်းမသိလိုက်​။

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now