အမုန်းခံ၍ချစ်​မယ်​ Part 7

1.1K 93 4
                                    

P'..ဘာ​တွေ​တွေး​နေတာလဲ...

လန့်​လိုက်​တာ..Na ရယ်​..P' ဇာတ်​ညွှန်း စဉ်းစား​နေတာ..

Plan Na ကို ညာ​ပြောလိုက်​မိသည်​။တကယ်​​တော့..ဇာတ်​ညွှန်းစဉ်းစား​နေခြင်းမဟုတ်​။ ဆရာ့ကို သတိရ​နေမိခြင်း။ လွမ်းလိုက်​တာ ဆရာရယ်​။

ဒါနဲ့..P' Na ရှူတင်​ ကို လာမယ်​လို့ ​​ပြောထားတယ်​​နော်​..ကတိ​နော်​..

အင်းပါ..ကတိ..ကတိ..

Plan ​ပြောလိုက်​​တော့ က​လေးတ​​ယောက်​လို ​ပျော်​ရွှင်​စွာ ထွက်​သွားတဲ့..Naရယ်​ပါ..

ဒီက​လေးမက​တော့​လေ...
လွမ်းလိုက်​တာဗျာ..ဆရာရယ်​ ကျ​တော်​တို့ ကံက ဆိုးလိုက်​တာဗျာ...

Plan ကတိ​ပေးထားတဲ့အတိုင်း...Plan Na ရှူတင်​ကို လိုက်​သွားလိုက်​သည်​။

P' တကယ်​လာတယ်​​နော်​..​ပျော်​လိုက်​တာ...
အ​တော်​ပဲ..Love scene ရိုက်​ရမှာ..

Na က သူ​ပြောချင်​ရာ ​ပြောပြီး..ရိုက်​ကွင်းဆီ ပြန်​​ပြေးသွား​တော့သည်​။ ဒီ scene မှာ Na က ကိုယ်​ချစ်​တဲ့သူကို အကြင်​နာအကြည့်​​တွေနဲ့ ချစ်​တဲ့အ​ကြောင်း​တွေ ​ပြောရမှာ ဖြစ်​တာ​ကြောင့်​..မင်းသား New ရဲ့ ​နောက်​ Na ရဲ့ မျက်​နှာချင်းဆိုင်​က P'Plan ကို ကြည့်​ပြီး..P'Plan ကို ​ပြော​နေရသလို ချစ်​တဲ့အ​ကြောင်း​တွေ ​ပြောပစ်​လိုက်​သည်​။ မင်းသား New က Na ကို တဖက်​သတ်​ ကြိုက်​​နေတာ​လေ။ ရိုက်​ကွင်းပြီးသွား​တော့ Na P'Plan ရှိရာ သွားထိုင်​​တော့...

New နဲ့ Na က အရမ်းလိုက်​ဖက်​တာပဲ..ပရိတ်​သတ်​​တွေလဲ သ​ဘောတူ​နေကြတာ..Confirm လိုက်​​တော့​လေ..

အာ..လာပြန်​ပြီတ​ယောက်​..မနက်​က ကိုကို က လဲ ​ပြောပြီးပြီ...

Na အကို ဆိုပါလား..တခါမှလဲ မကြားဖူးပါဘူး..အကိုရှိတယ်​လို့..

P' က Na ကို တစ်​ဦးတည်း​သော သမီးမှတ်​​နေတာ..အကို ရှိတယ်​​ပေါ့...

ဟုတ်​တယ်​P'...ကိုကို က နိုင်​ငံခြားမှာ အ​နေများတယ်​..ခု​တော့ ဒီမှာပဲ ပြန်​​နေ​တော့မယ်​..Na​မွေး​နေ့ကျ မိတ်​ဆက်​​ပေးမယ်​​လေ...

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now