Final

5K 317 45
                                    

(Uni) အခုကျမှ နောင်တရပြီး ဇိန်းကိုထွက်မသွားစေချင်နေသည့်ပုံပင်။ လက်ကိုတင်းတင်းကိုင်ထားပြီး ဘယ်သွားမှာလဲမေးနေတာ။ ဖာသာမဟုတ်တဲ့အတိုင်းပဲ။

"ကျွန်တော့်ကြောင့်နဲ့ ကျောင်းကြီးမှာ မကျွတ်ခဲ့တာတွေအများကြီးပဲ. . . သူတို့တွေကျွန်တော့်ဘေးမှာရှိတယ်. . . နောင်တမျက်ရေတွေနဲ့ အဖေ့ဘေးမှာထိုင်ငိုနေတဲ့ အိပ်စောင့်သရဲဘဝနဲ့ဒေါ်ဒေါ်သက်ရယ်. . .ကျွန်တော့်အကြောင်းစုံစမ်းရင်းအသတ်ခံရတဲ့ ပလွှာဆိုတဲ့မိန်းကလေးရယ်. . ကျွန်တော့်ဒေါသကြောင့် အမှတ်မထင်တိုက်ပေါ်ကပြုတ်ကျသေခဲ့တဲ့ရန်နိုင်ဆိုတဲ့သူရယ်. . တခြားမကျွတ်တဲ့သူတွေလည်းရှိနေတယ်. . . သူတို့အားလုံးကကျွန်တော့အကြောင်းနဲ့သက်ဆိုင်နေလို့ ကျွန်တော်သွားမှသွားရမယ့်ဝိညာဉ်တွေပါ. . . အခုအမှုမှန်လည်းပေါ်သွားလို့ သူတို့တွေပျော်နေကြတယ်. . . အဖေ့ကိုနှုတ်ဆက်ခဲ့ပါတယ် . . . "

အေးမြတဲ့အသံတစ်ခုနှင့်အတူ ဖွင့်ဟထားတဲ့ရှားရဲ့မျက်ဝန်းအစုံဟာ ပိတ်သွားပြီး နေရာမှာတင်ပျော့ခွေလဲသွားတော့သည်။

ဖာသာမြင်ခဲ့တဲ့ဇိန်းရဲ့ပုံရိပ်တွေဟာ ဘယ်မှာများပြန်မြင်ရနိုင်တော့မလဲ. . . . . . . . .

ရှားရဲ့အဖြူ ငွေ့တို့ဟာ တဖြည်းဖြည်းလွင့်ပျယ်ပြီး ပျောက်ကွယ်သွားခဲ့တော့သည်။
နှစ်များစွာဒုက္ခခံခဲ့ရတဲ့ ထိုကလေးကတော့. . . ယခုအခါအေးချမ်းတဲ့ဘဝဘုံတစ်ခုဆီသို့.  ~ ~ ~

"ထပါဦးကလေး. . .  အဖေပြောလို့မပြီးသေးဘူးလေ. . . မျက်လုံးဖွင့်ပါဦး. . .   "

ရှားမေ့လဲသွားတဲ့အခါမှာ ဟောခန်းကြီးကတံခါးတွေက အလိုလိုပွင့်ဟသွားခဲ့လေသည်။
ပွင့်ဟသွားတဲ့တံခါးနောက်မှာပဲ စိုင်မန်နှင့်အတူ စုံထောက်တွေ ရဲတွေလည်းပါလာခဲ့ကြသည်။

"ရှား. . . . . . "

ရဲတွေကြားထဲမှ လေပြေ အတင်းတိုးဝှေ့ထွက်လာကာ ရှားဆီသို့အတင်းပြေးသွားလေ၏။

"ဘယ်ကရှားလဲ. . . သူက ဇိန်း. . . အဖေ့ကိုထကြည့်ပါဦးကလေးရယ်. . . "

မေ့လဲနေသောရှားကို လေပြေအားအထိမခံ။ အတင်းပွေ့ဖက်ထားသော ဖာသာအား သူမကြောင်ကြည့်မိပါသည်။
သွေးအိုင်ထဲအသက်ပျောက်မတတ်မေ့မျောနေသော Mr.masနှင့်အတူ သူ့ဘက်တော်သားအားလုံးကို သက်ဆိုင်ရာသို့ သယ်ယူသွားကြတော့သည်။

Piano Ghost (Complete)Where stories live. Discover now