Part 2

4.6K 391 6
                                    

(Uni) ဒီနေ့ဟာ နောက်ဆုံးစာမေးပွဲပြီးသည့်ရက်ပင်။ ထိုသူဟာ ယခုဆို Day Law majorတတိယနှစ်ပြီးဆုံးသည့်နေ့ပင်။

. . . . Yay. . . . .ဒုတိယနှစ်ကျွတ်လွတ်ပြီကွ. . . ဒါပြီးရင် ငါလုပ်ချင်တာလုပ်ရတော့မယ်. . .ဖာသာကိုလည်းသွားတွေ့မယ်. . . .

စာမေးပွဲပြီးဆုံးသွား၍ လွတ်လပ်ပျော်ရွှင်နေသော ရန်နိုင်တစ်ယောက် သူ့ဘေးက စစ်သွေးခန့်လက်ကိုတတွဲတွဲကိုင်ဆွဲလှုပ်ကာ မြူ းတူးနေသည်။

ရန်နိုင်သည် သူ့ကိုယ်သူသတိ္တရှိသူတစ်ယောက် ယောကျာ်းပီသသောသူဟုယူဆထားသည်။ ဒါပေမယ့် သူ့အပြုအမူတွေက အရမ်းကလေးဆန်လွန်းနေမှန်း ဘေးက စစ်သွေးခန့်အမြင်ပင်။

''စာမေးပွဲပြီးတာအဲ့ဒီလောက်ပျော်လားကွာ. . . ''

''ငခန့် ငါတို့တွေ ခရစ်ယာန်ကျောင်းကိုသွားလို့ရပြီကွ အစကမေမေကမလွှတ်ဘူး. . အခုတော့အဖေပြောပေးတာနဲ့ ငါ့ကိုလွှတ်လိုက်ပြီ။ မင်းကရော လိုက်မှာမလား. . . .''

ပွစိပွစိအရမ်းနိုင်လွန်းသော သူ့ပါးစပ်ကို စစ်သွေး မည်သို့ပိတ်ရမည်မသိ။ သူမလိုက်ဘူးလို့ငြင်းလိုက်လျှင်လည်း ဟိုကသူ့ကိုငေါက်ငမ်းပြောဆိုလာတော့မည် စိတ်ဆိုးတော့မည်ကိုသူကြိုခန့်မှန်းမိသည်။

သူလည်း နဂိုကတည်းက ဂီတဝါသနာပါသူဖြစ်တာမို့ မငြင်းဆန်ပဲ လိုက်ဖို့ခေါင်းငြိမ့်သည်။

''ဒါပေါ့. . . လိုက်မှာပေါ့ . . ဟိုကျရင်မင်းနဲ့ငါ ဂီတာပြိုင်တီးမယ်. . . ဟား. . ဟား . . . ''

တစ်ချိန်က အဓိပတိလမ်းမပေါ်မှာ ရယ်မောခဲ့တဲ့သူတို့ရယ်သံတွေကို ယခုတစ်ခါ   စစ်သွေးပြန်ကြားလို့နေသည်။

မျက်ဝန်းထဲမှာလည်း သူ့သူငယ်ချင်းရဲ့ပုံရိပ်တို့ကိုမြင်ယောင်လာပြီး လျှောက်လှမ်းနေသောခြေလှမ်းတို့မှာ တုံ့ဆိုင်းလာသည်။ ရန်နိုင်သေခဲ့သည်မှာ သူနှင့်မကင်းသလိုခံစားရ၍ဖြစ်သည်။

*ငါတောင်းပန်ပါတယ် ရန်နိုင်.  . မင်းအစားငါသေပေးချင်ပါတယ်.  .,    ငါ့ကိုခွင့်လွှတ်ပေးပါနော်*

တစ်လမ်းလုံး သူ့ကိုယ်သူအပြစ်မကင်းသည့်ပုံနှင့်လျှောက်လှမ်းကာ သူ့အခန်းသို့ပြန်သွားလေသည်။
ခြောက်ကပ်နေတဲ့ သူ့အခန်းထဲရောက်တဲ့အခါ သက်ပြင်းအကြိမ်ကြိမ်ချရင်း. . ရေတစ်ဗူးကိုဖွင့်သောက်လိုက်သည်။

Piano Ghost (Complete)Where stories live. Discover now