Part 33

1.7K 227 11
                                    

(Uni) Mr.masမှာ ထိခိုက်ရာတွေနှင့်အတူ ကြမ်းပြင်ပေါ်လဲကျရလေ၏။ သူအခုလိုနာကြင်နေရတာကိုကြည့်ပြီး ရှားကျေနပ်နေသည်။ ထပ်၍ ထပ်၍ သူ့ကို အခန်းတွင်းရှိပစ္စည်းတွေနှင့်ခပ်ကြမ်းကြမ်းပစ်ပေါက်သည်။ ကွဲနေသောဗီရိုက မှန်စတွေနဲ့ Mr.masအားလွှင့်ပေါက်ပစ်၏။

. . . . . . . .အား. . . . . . . , ဘယ်သူမှမရှိဘူးလား. . . . . အား. .

အားနဲ့လွင့်လာသောမှန်စတစ်ခုမှာ Mr.masရဲ့ပါးတစ်ဖက်သို့တည့်တည့်စိုက်ဝင်သွားခဲ့သည်။ အသားနုမို့မည်မျှပင်နာပါလိမ့်မနည်း။ နာလွန်းလို့ Mr.masငယ်သံပင်ပါနေတော့သည်။
ကိုယ်မှာလည်းထိခိုက်ရာတွေပြည့်လာခဲ့၏။

. . . . . . .ဂျိန်း. . . . . . ဂျိန်း. . . . . .ဝုန်း. . . . . . . .

သူ့ရဲ့မကောင်းတဲ့အတတ်တွေကြောင့် စုံလိုက်ပြတင်းပေါက်ကြီးဟာ ရုတ်ချည်း ပိတ်လိုက်ဖွင့်လိုက်ဖြစ်လာလေသည်။

. . . 🎵🎵🎵🎵🎵🎶🎵. . . . . . . . . . . . .

ဘယ်ကမှန်းမသိသော pianoသံတွေဟာလည်း အသံမြင့်နှုန်းကိုတီးခတ်နေသကဲ့သို့ ဆူညံလာလေ၏။ အဲ့ဒီပြတင်းပေါက်ကို ရှားကလက်ညှိုးထိုးပြရင်း သူ့ကိုလှမ်းကြည့်လာတော့ အဲ့ဒီထဲကို သူ့ကိုထည့်တော့မယ်ဆိုတာ Mr.masရိပ်မိပါသည်။
ရှားကတကယ်လုပ်မယ့်ပုံမို့ Mr.masလန့်ဖြန့်သွားကာ ခေါင်းကိုတရက်ဆက်ရမ်းခါတော့သည်။

"ဟင့်အင်း. . .ဟင့်အင်း. . . . အား. . . . . "

ထိုစဉ် ရှားလက်တစ်ဖက်ကိုပုခုံးနှင့်ဆန့်တန်းပြီးမြှောက်လိုက်ရာ Mr.masရဲ့ပါးက မှန်စကြီးဟာ တစ်စုံတစ်ယောက်ကနေဆွဲထုတ်လိုက်သလို ပါးထဲကနေ ဇွက်ခနဲထွက်ကျလာခဲ့၏။

"အား. . . . . .   "

ဒဏ်ရာကိုခပ်ကြမ်းကြမ်းဆွပေးလိုက်တာကြောင့် Mr.masမှာ အသံပျောက်အောင်ပင်အော်တော့၏။

. .. . . .နာတယ် . . နာတယ်. . . ဟားဟားဟား. . . . . ,. . .

ယောကျားမိန်းမ မသည်းကွဲသံ သရဲပေါင်းစုံစုနေတဲ့အသံကြီးကလည်း ဘေးတစ်ဝိုက်မှာပေါ်ပေါက်လာလေတော့သည်။
Mr.masနာကြင်နေသည်က သူ့အတွက်ကျေနပ်ပျော်ရွှင်စရာဖြစ်နေသလိုပင်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ "

သေမှာကိုကြောက်လှတော့ ရှားအား လက်အုပ်ချီလာပြီး တောင်းပန်စကားဆိုတော့သည်။

Piano Ghost (Complete)Where stories live. Discover now