Part 15

2K 252 8
                                    

(Uni) *တကယ်ပဲ ဘယ်လိုဖြစ်ခဲ့တာလဲ. . . . *

လင်းလက်နေသော မရေရာသည့်အမြင်လွှာထဲမှာ အဖြူ ရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်ဟာ ကျောင်းအိုကြီးရဲ့ အဝင်ဝ၌ ထိုင်နေခဲ့သည်. . .  . . .

ထိုကျောင်းအိုကြီးဆီသို့ အမှတ်မထင်ရောက်သွားခဲ့သောစစ်သွေးမှာ ကျောင်းရှေ့ရှိ ထိုကောင်လေးကိုရင်းနှီးစွာလှမ်းခေါ်လိုက်လေမိသည်။

"ရန်နိုင်. . . ရန်နိုင် မင်းမသေဘူးနော်. . . "

အဖြူ ရောင်ဝတ်စုံနှင့်ရန်နိုင်ကိုမြင်လိုက်ရတော့ စစ်သွေးအနေနဲ့သူအသက်ရှင်တယ်လို့ပဲထင်မိသည်။ ရန်နိုင်ကသူ့ကိုရင်းနှီးစွာပြုံးပြနေ၏။

သူခင်မင်တွယ်တာရသောသူငယ်ချင်းကြီးမို့ ရန်နိုင်လည်း ထိုင်ရာကနေထလိုက်ကာ စစ်သွေးဆီသို့လာဖို့ရွယ်လိုက်သည်။

"ငါလည်းမင်းကိုလွမ်းနေတာ. . . ဒီမှာနေရတာအရမ်းအထီးကျန်တယ်. . . ."

လှိုင်းသံထပ်နေသောအသံနှင့် သူ့အားပြောလာသောရန်နိုင်ကို လက်ကမ်းပေးလိုက်သည်။

"မင်းကိုဘယ်သူကအဲ့ဒီမှာနေခိုင်းလို့လဲ. . . လာ ငါတို့အိမ်ပြန်ရအောင်. . . "

စစ်သွေးကမ်းလှမ်းလိုက်သောလက်ကို ရန်နိုင်လှမ်းဆွဲမည်အရွယ်. . . . . .

နေရာတစ်ခုလုံးအမှောင်ထုကချက်ချင်းဖုံးလွှမ်းသွားပြီး ရန်နိုင်ရဲ့နောက်မှာ အမည်းရောင်အရိပ်ကြီးပေါ်ထွက်လာခဲ့သည်။

"ရန်နိုင် သတိထား. . . "

စစ်သွေးကသူ့အတွက်စိတ်ပူနေသော်လည်း ရန်နိုင်ကတော့လုံးဝမကြောက်ရွံ့သည့်ပုံ။

ထိုအရိပ်မည်းကြီးက ရန်နိုင်ရဲ့နောက်ကျောတစ်ခုလုံးကိုဖုံးလွှမ်းထားတော့၏။ စစ်သွေးဆီသို့လှမ်းလျက်ဖြစ်သော ရန်နိုင်ရဲ့လက်မှာ အလိုလိုမည်းလာသည်။ သူဝတ်ထားသောအဖြူ ရောင်ဝတ်စုံမှာလည်း ချက်ချင်းဆိုသလိုမည်းသွားလေ၏။ မျက်နှာတစ်ခုလုံးဟာလည်း ပြာနှမ်းပြီး ပုပ်ပွလာသည်။ လည်ပင်းကအသားတွေမှာ လန်နေပြီး အပုပ်နံ့တွေဟာ စစ်သွေးအနားသို့ပျံ့နှံ့လာခဲ့သည်။

Piano Ghost (Complete)Where stories live. Discover now