Part 4

2.9K 314 21
                                    

(Uni) ရဲသော်နဲ့အဖွဲ့တွေကတော့ လူသေထားတဲ့ကုတင်ပေါ်မှာအိပ်မည့် ရှားယံထက်အစား စိတ်မသဒီဖြစ်လို့နေကြသည်။

ရှားကတော့ဘာမျှမသိ ။ သူ့ပစ္စည်းလေးတွေကို သေချာနေရာချနေရင်း အလုပ်ရှုပ်နေ၏။

စစ်သွေးခန့်ကတော့ သူ့ဘေးချင်းကပ်လျက်ကုတင်မှာ ထိုင်နေရင်း lap topသုံးနေမိသည်။

ဗလာစာအုပ်တစ်ချို့ထည့်ထားသော ဂျပ်စက္ကူ ပုံးတစ်ခုကို ရှားတစ်ယောက် ကုံးယူလိုက်စဉ် သူ့နှာတံပေါ်က မျက်မှန်ကို တစ်ယောက်ယောက်ဆွဲဖြုတ်ချလိုက်သလိုခံစားလိုက်ရ၏။

. . . .  . . . . . . . .ဖက်ဟ်. . .ဟ်. . . . . . . .

တကယ်လည်းပြုတ်ကျသွားပါတယ်။

''ဟာ. .  . . . . . . . . . .''

သူပုံးကိုမပြီးစဉ်မှ မျက်မှန်ကကျသွားသည်မို့ ပုံးကိုပြန်ချရမလို ပြီးမီပြန်တပ်ရမလို ဒွိဟကြီးဖြစ်သွားသည်။

'' နေ. . .နေ. . . .အကိုကောက်ပေးမယ်. . . .''

ထိုအချိန်မှာ အလိုက်သိသောစစ်သွေးက ကြမ်းပြင်ပေါ်က သူ့မျက်မှန်ကို ကောက်လိုက်ကာ သူ့ကိုပြန်တပ်ပေးလိုက်၏။

''ကျေးဇူးပဲအကို. . . .''

''ဒီလောက်အများကြီး မင်းဘာတွေသယ်လာတာလဲ. . . .''

သူ့ကြည့်ရတာအမြင်မတော်တာမို့ စစ်သွေးကူမပေးလိုက်၏။ ထို့နောက် ပုံးကို ကုတင်ဘေးက ငါးပေခွဲအမြင့်ရှိသည့်ဗီရိုလေးပေါ် ပင့်တင်ပေးလိုက်သည်။

''ကိုင်း. . . . ရပြီ. . . . ''

''ကျေးဇူးတင်ပါတယ် အကို. . . ကျွန်တော်ဒါတွေကိုအလကားနေရင်းအလကားသယ်လာတာမဟုတ်ပါဘူး. . ဝါသနာတွေပါနေလို့ပါဗျာ. . . ''

ကူညီပေးရင်းနဲ့ သူတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြတော့သည်။

''ငါ့ညီက ဘာတွေဝါသနာပါလို့လဲ. . . ''

''ကျွန်တော်က စာမူတင်တဲ့အလုပ်လုပ်တယ်လေ . . .စာမူတင်ရတာကျွန်တော့်ဝါသနာ . . ''

''သြော်. . .အဲ့ဒါတွေအကုန်လုံးဝတ္ထုစာအုပ်တွေလားဟ''

ဗီရိုပေါ်က ပုံးကို စစ်သွေးလက်ညှိုးထိုးပြရင်း မေးလာသည်။

Piano Ghost (Complete)Where stories live. Discover now