Part 10

2.1K 254 8
                                    

(Uni) ''ဟေ့ ဘယ်သူတွေဆူညံနေတာလဲ. . . . .''

ရုတ်တရက် ဖာသာဝင်လာပြီး သူတို့ကိုအပြစ်ပေးပါတော့သည်။
အပြင်ဘက်မှာ တစ်ညလုံးမအိပ်ရပဲ ဒူးထောက်ထိုင်ခိုင်းထား၏။

ကြားထဲက ရှားပါအစစ်ပါသွားသည်။
ရဲသော်နဲ့အဖွဲ့က တစ်ဖက် စစ်သွေးနဲ့ရှားကတစ်ဖက် မျက်နှာချင်းဆိုင် ဒူးတုတ်ထိုင်ခိုင်းထားသည်။

''ချီးပဲ . . . .ညောင်းတာကွာ. . . ''

ရဲသော်နဲ့တပေါင်းတပါတည်းဖြစ်တဲ့ဇွဲဆိုတဲ့ မျက်လုံးပြူ းပြူ း အုန်းမုတ်ခွက်ကေနဲ့ တစ်ယောက် ထညည်းလေတော့သည်။

''တော်စမ်းကွာ. . .ကိုယ့်ဘာကိုယ်သရဲကြောင်းပြောတာကို ကောင်းကောင်းမပြောရဘူး အထိမခံရွှေပန်းကန်ကြောင့်ဖြစ်ရတာ. . ''

အပြစ်ပေးခံနေရတာကိုမမှတ်သေး။ ထပ်ပြီးစစ်သွေးကိုရန်စနေတော့ပြန်သည်။

''ရဲသော် မင်းအပေါက်ကိုပိတ်ထားနော်. . . သတ်ပစ်မှာဗျ ''

စစ်သွေးလည်းဒေါသပြေဟန်မရှိ။ နှစ်ယောက်သားအကြည့်တွေက စစ်တိုက်တော့မည့်အလား။

''ဟေ့ကောင် ရှား. . . . မင်းဘယ်လိုနေလဲ ဟင်. . . လူသေထားတဲ့ကုတင်ပေါ်အိပ်ခဲ့ရတာ ဘယ်လိုနေလဲ. . . ''

ရှားမှာ ထိုအကြောင်းတွေသိပြီးကတည်းက ကြောက်လန့်တုန်လှုပ်နေတော့သည်။ ထိုသို့သောကုတင်ပေါ်ကို သူဘယ်လိုများအိပ်နိုင်တော့မလဲ။

''အဲ့ဒီတစ်ယောက်ကိုတော့ မမြင်ရဘူး. , အိပ်စောင့်သရဲဆိုတာကြီးခြောက်တာတော့ခံရဖူးတယ် ''

ရှားလည်း သူအခြောက်ခံရတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောလေသည်။

''အေး ဒါအစမို့. . . နောက်နေ့တွေဆို အဲ့ဒီရန်နိုင်ကပါ လာခြောက်မှာ. . ''

''ရဲသော် မင်းသောက်ပေါက်ပိတ်ထားလို့ငါပြောနေတယ်လေ''

စစ်သွေးဒေါသကိုချုပ်တည်းပြီး အောင့်အည်းကာသတိပေးလိုက်မှ ရဲသော်ပြုံးစိစိနှင့်ငြိမ်သွားလေသည်။
ကြောက်တဲ့သူကိုဖြဲခြောက်နေရသည်ကို ရဲသော်ကျေနပ်နေမိသည်။

ရှားမှာ ကြောက်လို့တုန်နေတော့သည်။ စစ်သွေးလည်း သူကြောက်နေမှန်းသိတော့ ရှားရဲ့လက်ကို ဆွဲကိုင်လိုက်လေသည်။

Piano Ghost (Complete)Where stories live. Discover now