Part 3

3.1K 355 1
                                    

(Uni) ရှားလည်း အရင်ဆုံး ဘုရားဝတ်ပြုသွားလိုက်ပြီး ကျောင်းအုပ်ဖာသာအခန်းကိုသွားရှာတော့သည်။

ပတ်ဝန်းကျင်မှာလည်း သူ့လိုကိုယ်လို လာကြတဲ့သူတွေအများကြီးပင်။ လူတွေရှုပ်ယှက်ခတ်နေတာမို့ ရှားတစ်ယောက်ယောင်လည်လည်ဖြစ်နေတော့သည်။

''ဖာသာအခန်းကိုဘယ်မှာသွားရှာရမှာလဲဟာ. . . . ''

များပြားလှသောအခန်းတွေကြောင့် သူမျက်စိလည်စပြုလာသည်။
မတတ်နိုင်တော့တာနဲ့ လမ်းမှာတွေ့တဲ့မိန်းကလေးတစ်ယောက်ကိုလက်ဆွဲမေးလိုက်၏။

''ဟို. . . ဖာသာအခန်းကဘယ်မှာလဲသိလား. . . . . ''

ယောကျာ်းတစ်ယောက်ရဲ့ထိကိုင်ခြင်းကိုခံလိုက်ရ၍ ထိုမိန်းကလေးလန့်သွားသည့်ပုံနှင့် လက်ကု်မြန်မြန်ရုတ်သိမ်းကာ မျက်လွှာချထားလိုက်သည်။

''ခွင့်ပြု ချက်မတောင်းပဲထိတွေ့ခြင်းသည် ရိုင်းစိုင်းရာရောက်သည်. . အသင်ပြစ်ဒဏ်ကျလိမ့်မယ်. . . ''

စကားသံဖြေးဖြေးလေးနှင့် အေးစက်စွာပြောလာတော့ထိုမိန်းကလေးစကားတွေနှင့်အတူ လေစိမ်းတို့က သူ့ကိုရစ်ဝဲလာသည်။

ထိုမိန်းကလေးရဲ့မျက်နှာအသားအရေဟာလည်း သွေးပင်မရှိလောက်အောင်ဖြူ စွတ်နေကာ ကြွေရုပ်လေးတစ်ရုပ်နှင့်သာ တူနေတော့သည်။

''ခင်ဗျာ. . . ဟို. . .ဖာသာအခန်းကိုသိချင်လို့ပါဗျာ. . .မင်းကိုထိတွေ့ဖို့မရည်ရွယ်ပါဘူး. . တောင်းပန်ပါတယ်နော်. . ငါဒီလိုမှမလုပ်ရင် ငါရွာလည်နေမှာမို့ပါ. . .မင်းနာမည်လည်းမသိတော့ . . .''

''ပလွှာ. . .''

ရှားရဲ့စကားတို့ထစ်အနေစဉ် ထိုမိန်းကလေးရဲ့နှင်းဆီပွင့်ဖက်နှင့်တူသောနှုတ်ခမ်းတို့မှ နာမည်တစ်ခုထွက်ဟလာသည်။

''ဟန်. . .သြော်. . .မင်းနာမည်က ပလွှာလား. . .ဒါနဲ့ ဘယ်ကလာတာလဲ. . အရင်ကရောရောက်ဖူးနေကျလား. . ဘယ်မှာကျောင်းတက်တာလဲ. . မင်းကြည့်ရတာကျောင်းသူနဲ့မတူဘူး. . .ဟားဟား
ကျောင်းသူထက်ပိုလှတယ်ပြောတာ. . .မင်းသမီးရှုံးတဲ့အလှ. . အသက်ဘယ်လောက်ရှိပြီလဲ. . . .နာမည်ကဒါပဲလား. . .ပလွှာ. .အရမ်းဗိုလ်ဆန်တယ်နော်. . . ငါ့နာမည်ကရှား. . . ''

Piano Ghost (Complete)Where stories live. Discover now