fIVe

2.5K 272 0
                                    

~•■•~

' Kim Tae Hyung'

~••■••~

[Zawgyi]

" ပင်ပန်းသွားပြီ။ ရော့ ဒီမှာ လစာ.."

" ကျေးဇူးတင်ပါတယ် သူဌေး.."

ယဉ်ကျေးစွာ ဦးညွတ်ပြီးနောက် ထယ်ဟျောင်း စာအိတ်လေးအား ဖွင့်ကြည့်လိုက်သည်။

' ဘာလို့ အရင်ကထက် ပိုများနေရတာလဲ'

သူစဉ်းစားနေသည်ကို သူဌေးက ရိပ်မိ၍

" ဟို..မုန့်ဖိုးနည်းနည်း ထပ်ထည့်ပေးထားတယ်။ မင်းက အလုပ်ကြိုးစားလို့လေ.."

သူဌေး၏ နွေးထွေးသော အပြုံးတို့နှင့် သူလည်း စိတ်ထဲတွင် ခုန်ပေါက်နေမိသည်။

" ညီမလေးကို မုန့်ဖိုးပေးနိုင်တော့မယ်.."

အပြုံးသေးသေးလေးက သူ၏ နှုတ်ခမ်းပေါ် တိတ်တခိုး ပြန့်ကျဲသွားသည်။

~~•~~

" Kim Tae Hyung"

သူ၏ ပုခုံးအား မထိတထိလေး လာတို့သောကြောင့် သူ နောက်လှည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင်။
လီဟာယောင်း။

သူမက ပြုံးပြကာ..

" ငါ ဒီတစ်ပုဒ်ကို နားမလည်လို့ ရှင်းပြပေးလို့ရမလား.."

ထယ်ဟျောင်း ငြင်းမည်ဟု တွေးလိုက်သော်လည်း အတန်းဖော်ဟူ၍ ဖြည့်တွေးကာ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

" ဒီဟာက...ပိုက်သာဂိုရပ်စ် သီအိုရီနဲ့ တွက်ရမှာ...
&#*&#&#;..."

သူ ကြိုးစား စာရှင်းပြပေးနေသော်လည်း သူမက စာတွင် စိတ်မဝင်စား။

သူ၏ မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းလေးကိုသာ သေချာ စိုက်ကြည့်နေသည်။

" ဒီမှာ..."

သူမ ငေးနေရာမှ အသိစိတ်ဝင်လာတော့ ထယ်ဟျောင်းကသူ့အား စိတ်မရှည်သော မျက်နှာထားဖြင့် ကြည့်နေလေပြီ။

김태형[ k•th ] ✔Where stories live. Discover now