twenTyone

2.1K 244 14
                                    


~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

" ငါတို့တွေ့ကြရအောင်..."

လိပ်စာကတ်ထဲက ဟာယောင်း၏ ဖုန်းနံပါတ်အား သူခေါ်လိုက်သည်။

" ထယ် တစ်ကယ်ပြောနေတာလား...?"

မယုံကြည်နိုင် ဖြစ်နေသော ဖုန်းလိုင်းတစ်ဖက်မှ ကောင်မလေးကတော့ အပျော်လွန်နေမည်ထင်သည်။

" အရင်တစ်ခေါက် တွေ့ခဲ့တဲ့ ကော်ဖီဆိုင်ကိုဘဲ လာခဲ့ပါလား.."

" အင်း အင်း "

ထယ်ဟျောင်းဖုန်းချလိုက်ပြီး ပြုံးမိသည်။

သူမထင်မိခဲ့ပါဘူး။

သူမပျော်ရွှင်နေမှုက သူ့ကိုပါ ပြုံးစေမယ်ဆိုတာလေ....။

" လီဟာယောင်း....နင် ငါ့ကို ဘာလုပ်လိုက်တာလဲ?"

~~•~~

" ထယ်..."

သူက ပြုံးပြတော့ ထယ်ဟျောင်းလည်း ပြန်ပြုံးပြသည်။

" ဘာ....ဖြစ်တာလဲ?"

အေးလေ။

သူသိချင်တာလဲ ဖြစ်သင့်ပါတယ်။

ကျွန်တော်က သူ့ကို အရင်ချိန်းတယ်ဆိုတာ အရင်ကမှ မရှိခဲ့တာ...။

" ဒီအတိုင်း..ပြောစရာရှိလို့...."

သူ့ရဲ့ မျက်ဝန်းများတွင် စိုးရိပ်မှုရိပ် သေးသေးလေး တွေ့လိုက်ရသည်။

ထပ်ပြီး သူ့ကို တွန်းထုတ်မှာ ကြောက်နေတာလား?

ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်နိုင်ဘူး။

ငါ...အရမ်းလွန်သွားခဲ့လား?

ငါ့ကြောင့် သူအရမ်း ခံစားခဲ့တာ ငါတွေ့နေရက်နဲ့....။

김태형[ k•th ] ✔Where stories live. Discover now