tWo
4.2K 307 6
~•■•~
'Kim Tae Hyung'
~••■••~
[Zawgyi]
[Unicode Version Below]
~~•~~
Kim Tae Hyung.."
~••~
17.Nov.2018 (Sat)
##
[Unicode]
တစ်ကျောင်းလုံး၏ စံပြကျောင်းသားအနေဖြင့် သူ အမြဲတစေ စာကြိုးစားသည်။
ပြည့်ပြည့်စုံစုံ မရှိသော မိသားစုအား သူကျောင်းပြီး၍ ဘွဲ့ရလျှင် အလုပ်ကောင်းကောင်းရ၍ ထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့်သာ ကြိုးစားသည်။
လိုအပ်သည့် ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်အတွက် သူ အချိန်ပိုင်း အလုပ်လုပ်သည်။
" မှာထားတဲ့ ကော်ဖီရပါပြီ"
ဝယ်ယူသူအား စားပွဲထိုးပီပီ ခါးကိုင်းကာ အရိုအသေပြုပြီးနောက် နောက်ဖေးတွင် ပန်းကန်များအား စတင်ဆေးကြောသည်။
" Tae Hyung ရေ နောက်ဆိုပန်းကန်တွေဆေးမနေနဲ့တော့ လူဝင်လာမှဘဲ သွားဧည့်ခံတော့။ ဟုတ်ပြီလား.."
သူ့အပေါ် အလုပ်အရမ်းမခိုင်းသောကြောင့် တစ်ခါတစ်လေ သံသယဝင်မိသည်။
'ငါ့ကို အလုပ်တွေအရမ်းမခိုင်းတာ အကြောင်းအရင်း တစ်ခုခုများရှိနေမလား..'
အလုပ်ဝင်စက ခိုင်းခဲ့သလောက် အခုကျတော့ အားနေလျှင် စာသာကြည့်ခိုင်းသည်။
'ဒါလည်း ငါ့အတွက်ကောင်းတာဘဲ'
~~•~~
" တာဝန်ကျေပါတယ်။ နောက်လည်း သူ့ကို ကောင်းကောင်းဆက်ဆံပေးပါ။"
သူမ၏ စကားအား ဆိုင်ရှင်က အရိုအသေပြု၍ နားထောင်သည်။
သူမက ထို ကော်ဖီဆိုင်လေး၏ ပိုင်ရှင်ဘဲလေ။
မိဘတွေဆီက ၁၈ နှစ်ပြည့်မွေးနေ့တွင် လက်ဆောင်ရထားခြင်းဖြစ်သည်။
" ငါနင့်ကို ကာကွယ်ပေးမယ် ။ နင့်အတွက် အခက်အခဲတွေ မကြုံရအောင် ငါကြိုးစားပေးမယ်
Kim Tae Hyung.."
~••~
17.Nov.2018 (Sat)
##
김태형[ k•th ] ✔Unde poveștirile trăiesc. Descoperă acum