nINe

2.2K 259 2
                                    

~•■•~

'Kim Tae Hyung'

~••■••~

[Zawgyi]

" Taehyung .."

အမေ့ရဲ့ နူးညံ့စွာ ခေါ်သံက အကြောင်းအရင်းမရှိပါဘဲ ထွက်လာသည်မဟုတ်။

" အမေ...မခံနိုင်တော့ဘူး။ ထွက်သွားတော့မယ်.."

သူ မျက်လုံးများပြူးကာ အမေ၏အနားသွားပြီး လက်အား ဆုပ်ကိုင်ရင်း ဖျောင်းဖျသည်။

" အမေက ဘယ်ကိုသွားမှာလဲ။ သွားစရာနေရာကော ရှိလို့လား...။ ကျွန်တော် အဖေ့ကို သေချာ ဖျောင်းဖျကြည့်-"

" ဟင့်အင်း...ဒီထက်ပိုပြီး ဆက်မနေနိုင်တော့ဘူး။ သားလိုက်ချင်လိုက်ခဲ့။ Taeyeon လေးကိုတော့ အမေခေါ်သွားမှရမယ်..."

ထယ်ဟျောင်း၏ဘဝမှာ မာကြောသော ကြမ်းပြင်နှင့်ထိရိုက်သော ဖန်သားပမာ ကွဲကြေသွားသည်။

မျှော်လင့်ချက်မဲ့သည်။
မိသားစုအတွက်ဘဲ အခုချိန်ထိ အားတင်းလာခဲ့တယ်။ အဖေမပါခဲ့ရင်တောင် အမေရယ် ညီမလေးရယ် သူရယ် သုံးယောက်သား အတူ ပျော်ပျော်ရွှင်ရွှင်နေသွားမယ်လို့ တွေးထားတာ။

ထယ်ဟျောင်း လက်သီးများဆုပ်ပြီး စိတ်ထဲကနေ ကြိမ်းဝါးလိုက်သည်။

'ကျွန်တော် ခင်ဗျားကို သတ်ပစ်မယ်'

~~•~~

" hoseok!"

Hoseok ကျောင်းထဲတွင် လျှောက်သွားနေရင်းမှ သူမ၏ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်သည်။

" ဟာယောင်း..."

Hoseok ကအနာကြင်ဆုံးသူ ဖြစ်မည်။
သူမအား အသက်ထက်ချစ်ခဲ့လေသည်မို့။

" တောင်းပန်ပါတယ်..."

သူ ဘာမှမတုံ့ပြန်ဘဲ ရှေ့ကိုသာ ဆက်လျှောက်သွားသည်။

သို့သော် ခြေလှမ်းများ တစ်ဖန်ရပ်တန့်သွားကာ...

김태형[ k•th ] ✔Where stories live. Discover now