part 7{U}

5.5K 266 8
                                    

ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသော
အဖြူရောင် နှစ်ထပ် တိုက်အိမ်ကြီး ၏ ဆင်ဝင်အောက်တွင် B&W အပြာရင့်ရောင်ကားကို ရပ်လိုက်ပြီး ကားပေါ်မှ နေရဲမာန်တစ် ယောက် စတိုင်ကျကျ ဆင်းလာကာ ကားသော့ ကို ညာဘက် ဘောင်းဘီအိပ်ကပ်ထဲသို့ထည့်ပြီး ''Let me love you'' သီချင်းကို ခပ်တိုးတိုး ညည်းကာ အိမ်ထဲသို့ဝင်လာသည်။

ဧည့်ခန်းထဲတွင် အဖြူရောင် လက်ပြတ်အင်္ကျီနဲ့ ဒူးအထက် ပန်းနုရောင် ဘောင်းဘီအတို ဝတ်ဆင်ထားပြီး ခြေချိတ်ထိုင်ကာ လက်ထဲတွင် Ipad ကို ကိုင်ကာ တစ်ခုခုကိုသဲကြီးမဲကြီး ရှာနေသော နေရဲမာန်၏ တစ်ဦးတည်း သောအမတော်ဖြစ်သူ ဟေမာန် ။ ခါးထိရှည်လျားသော ဆံကေသာတို့မှာလည်း မစည်း ထားသောကြောင့်ဝဲကျလျက်။

မောင်ဖြစ်သူ နေရဲမာန်အား လှမ်းကြည့်ကာ

''ဟဲ့ ငါ ဝယ်လာခိုင်းတာ ပါလား?''

နေရဲမာန်လည်း ပါတယ်ဆိုသောသဘောဖြင့် ဘယ်ဘက်လက်က ကိုင်ထားသော chilli sauce ပုလင်းမြှောက်ပြ လိုက်ပြီး

''မာမီ ကော?''
ဟု မေးလိုက်သည်။

'ထုံးစံအတိုင်း စာဖတ်ခန်းထဲမှာဘဲပေါ့ ''
ဟု ဖြေရင်း အနီးရှိ လှပသေသပ်စွာ ပုံဖော်ထားသော ကျွန်းသစ် စားပွဲကခင်းထားသော
ဖန်ပြားပေါ်ရှိ အငွေ့တစ်ထောင်းထောင်းထ
နေသော ကော်ဖီခွက်ကို လှမ်းယူ ကာ တစ်ငုံ
မော့လိုက်ပြီး Ipad ပြန်သုံး နေလိုက်သည်။

စာအုပ် အထူ အပါး စသည့် စာအုပ်အမျိုးအစားစုံလွင်စွာဖြင့် သေသေသပ်သပ် နေရာယူထားသောစာအုပ်စင်ကြီးများသည် နံရံဘေးပတ်ပတ်လည်တွင် အကန့်အသတ်ဖြင့် နေရာယူထားသည်။ အလယ်ရှိ ကျွန်းစားပွဲဝိုင်းပေါ်တွင် အထပ်လိုက် ပုံထားသောစာရွက်စာတမ်းများကြားတွင် တစ်ရွက်ချင်းလှန်ကာ ဖတ်နေသော ဒေါ်သိင်္ဂီထက် (နေရဲမာန်အမေ)။ အသက် 40ရှိပြီ
ဖြစ်သော်လည်း အရွယ်တင်နုပျိုနေဆဲ။
တည်ကြည်သော မျက်နှာအမူအရာ တို့သည်
ရင့်ကျက် တည်ငြိမ်ထက်မြက်ပြီး ကျက်သရေရှိလှသော အမျိုးသမီး တစ်ယောက်ဖြစ် ပုံကို ထင်ဟပ်လျက်။

နေရဲမာန်၏ ဒယ်ဒီ သည် မာန် 8တန်း
ကတည်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။လင်မရှိ မုဆိုးမတစ်ယောက်ဖြစ်သော်လည်း စိတ်ဓာတ်မကျ ။ကွယ်လွန်သူ ခင်ပွန်းလက်ထက် ကတည်းက တည်ထောင်ထားသော Golden Land(GL) ကုမ္ပဏီ ကြီး ကို ချုပ်ကိုင်ထားသော အမျိုးသမီး CEO တစ်ယောက်ဖြစ်ရုံသာမကမြန်မာနိုင်ငံ၏လျှမ်းလျှမ်းတောက် ကျော်
ကြားသော စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပေသည်။

နှလုံးသားထက်က လက်တစ်စုံ (Completed)Where stories live. Discover now