Part 25 (Final){U}

5.1K 143 3
                                    

Birthday Cake ပေါ်က ဖယောင်းတိုင်အဖြစ်ကို သတိထားမိသွားသောအခါ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရီလိုက်ပြီး ဖယောင်းတိုင်အသစ်များ ပြန်ထွန်းကာ မာန်က နောက်တစ်ခေါက် BD song ဆို မင်းမခကတော့ ဆုတောင်းပြီး ဖယောင်းတိုင် မှုတ်လိုက်သည်။ ထို့နောက် မာန်က ခပ်ကြီးကြီး Box တစ်ခု မွေးနေ့ လက်ဆောင် ပေးသည် ။
''wowww ဒီ BJD ဘဲ "

Birthday Cake ပေါ်က ဖယောင်းတိုင်အဖြစ်ကို သတိထားမိသွားသောအခါ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရီလိုက်ပြီး ဖယောင်းတိုင်အသစ်များ ပြန်ထွန်းကာ မာန်က နောက်တစ်ခေါက် BD song ဆို မင်းမခကတော့ ဆုတောင်းပြီး ဖယောင်းတိုင် မှုတ်လိုက်သည်။ ထို့နောက် မာန...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မင်းမခတစ်ယောက် မယုံနိုင်သော မျက်လုံးများဖြင့် Box ကြီးအား ကြည့်နေပြီး သူတအားလိုချင်နေသည့် Amaoni BJD ကြီး
" ဘယ်လိုသိတာလဲ ?''

"မင်းလေး အရင်လက Fb ပေါ်မှာ Shareထားတာ ကိုယ်တွေ့လို့ မင်းမွေးနေ့အမှီ ပေးဖို့ ကိုယ်မှာအဆောတလျင်မှာလိုက်ရတာ'"

သူပျော်လွန်းလို့ သူ့ရဲ့ အလိုက်သိလွန်းလှတဲ့ မာန်အား လှမ်းဖက်လိုက်သည်။

ညက 11နာရီထိုးပြီ ဖြစ်သည့်မို့ မာန်အား Switzerland တွင် ကျောင်းသွား တက်မည် ကိစ္စကို မနက်ဖြန်မှ ပြောရန် စိတ်ကူးလိုက်သည်။

နောက်တစ်နေ့ ထင်သည့်အတိုင်းဘဲ သူ့မွေးနေ့ လူစုံတက်စုံရှိသည့်အချိန် ​သူရဲ့ နိုင်ငံခြား ကျောင်းတက်မည် ကိစ္စအကြောင်းပြောလိုက်တော့ သူကို ကြိုမပြောရကောင်းလားဆိုပြီး နေရဲမာန် စိတ်ဆိုးတော့သည်။ သူစိတ်ဆိုးတာကို ချော့ဖို့ ခ မှာ အချိန်လေးရက် ကြာသွားသည်။

အာကတည်းက မင်းမခ သိလိုက်ပြီ။ မာန်ဟာ စိတ်ကောက်ကြီးသူ ဆိုတာကိုး။

မင်းမခ နိုင်ငံခြားသို့ ထွက်ခါနီး လေဆိပ်သို့ သူပါ လိုက်ပါ ပို့ဆောင်ပေးသည်။ " ကိုယ်မင်းကို စောင့်နေပါမယ် " ဆိုသည့် စကားတစ်ခွန်းဖြင့် သူရဲ့ ပူပူနွေးနွေး ချစ်သူဘဝဟာ LDRS သို့ ကူးပြောင်းခဲ့ရသည်။

နှလုံးသားထက်က လက်တစ်စုံ (Completed)Where stories live. Discover now