အပိုင်း(၅၄)uni-zaw

4.1K 214 31
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၄

စုယဥ်က ညီခန့်အားအသက်မပါစွာငေးကြည့်နေလေ၏

ညီခန့်စုယဥ်အနားရောက်ချလာကာ ပန်းစည်းကိုရှေ့တိုးပေးသည်အထိ စုယဥ်ကတော့ ငေးမောနေဆဲသာ

"စုယဥ်!"

ယဥ် ထရပ်လိုက်တော့ ညီက စိုးရိမ်တကြီးယဥ့်ကိုလာထူ၏ ယဥ်ညီ့လက်တွေကိုဖယ်ချပစ်လိုက်၏

"ရတယ် ရတယ် ကိုယ်ဖာသာထနိုင်ပါတယ်!"

"စုယဥ် ပန်းစည်းလက်ခံပေးလေ  !"

"ယဥ် နေကြာပန်းမကြိုက်ဘူး ပြန်ယူသွားလိုက်ပါ !"

"ဟင် !!ကိုယ်မသိခဲ့ဘူး စုယဥ် ဒါမဲ့ ပိုစ့်ကဒ်လေးတောင်မဖတ်တော့ဘူးလား."

"နောက်မှဖတ်တော့မယ်!"

"..."

ညီ့ မျက်နှာပျက်ယွင်းသွားတာကိုယဥ်တွေ့လိုက်ပါသည် မတတ်နိုင်ပါ ယဥ်နေကြာပန်းမကြိုက်လို့မကြိုက်တယ်ပဲပြောလိုက်တာ ဘာမှားသွားလို့လဲ

ညီက ပန်းစည်းအားယူကာစားပွဲပေါ်တင်ထားလိုက်သည်

ယဥ် အားယူကာထပြီး  ညီ့ကိုဂရုမစိုက်စွာလမ်းလမ်းလျှောက်နေလိုက်၏
ယဥ်ကလမ်းလျှောက်နေပုံက ပိုးတုံးလုံးလေးလို ဖြစ်နေပြီး ကပိုကရိုလှနေဆဲပါအခုကျပြန်တော့စုယဥ် ဗိုက်လေး ကပူဖောင်းကားနေပြီ အရင်င်တုန်းကကျ သိပ်မသိသာခဲ့ပါ...စုယဥ်မျက်နှာလေးက ညှိုးနွမ်းနေ၏

"စုယဥ် နေရတာအဆင်ပြေရဲ့လားနေကောင်းတယ်မလား!"

"အင်း အခုနင်တွေ့တဲ့အတိုင်းပဲလေ ငါနေကောင်းပါတယ် နင်ကော လမ်းကြုံသတင်း၀င်မေးတာလား
အန်တီပြောပြလိုက်တယ်ပေါ့"

" စုယဥ် !!! ကျစ်!! ဒါနဲ့ ကိုယ်တစ်ခုလောက်မေးခွင့်ရှိလားစုယဥ် ဘာလို့ကိုယ့်ကိုလိမ်ခဲ့ရတာလဲ! ဘာလို့များကွာ !ကိုယ်သိခွင့်ရှိနိုင်မလား !ဘာလို့ ကိုယ့်အပေါ်ဒီလိုလုပ်ရက်ခဲ့ရတာလဲ ဒီလိုမိသားစုဘ၀လေးရဖို့ဘယ်လောက်များရူးသွပ်ခဲ့ရလဲသိလား ဟမ် ရက်စက်လိုက်တာ စုယဥ်!"

"....."

ယဥ်ညီ့ခန့်အားစေ့စေ့ကြည့်ပစ်လိုက်၏ ခုချိန်မှာ ဘာဖြေရှင်းချက်မှမပြောချင်ပေ

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now