အပိုင်း(၅၈)uni-zaw

4.3K 225 37
                                    

ရင်ခွင်တစ်ုံသို့တမ်းခြင်း ၅၈

"အိမ်ရှေ့ရောက်နေတယ် ထွက်လာခဲ့!"

ဆိုပြီး မက်ဆေ့ချ်၀င်လာသံနဲ့အတူ ပျိုကျေနပ်စွာပြုံးလိုက်၏  'ဒီလိုပဲဖြစ်သင့်တာမလား အဟင်း' စိတ်မကောင်းပါဘူးညီမှစကားနားမထောင်ပဲ ဒီအကြိမ်နဲ့ဆိုညီ့ကို ပျို ၂ကြိမ်တိတိလုပ်ထားတာဖြစ်သည် ဒီကိစ္စမြန်မာပြည်မှာမသေချာတာမို့ သူမကိုယ်တိုင် ဘန်ကောက်မှာ ပညာရှင်ဆရာမကြီးသေချာတိုင်ပင်ပြီးလုပ်ထား၏ အရင်ညီကလည်း ဟိုမှာပဲမို့လုပ်ရတာပိုလွယ်ကူသွား၏ ညီ့ရဲ့ဆံပင် အကျီီစနဲ့ညီ၀တ်နေကျဘောင်းဘီစကိုပါကပ်ကြေးနဲ့သေချာညှပ်ယူနိုင်ခဲ့၏ အရုပ်လုပ်ထားနိုင်ခဲ့ပြီး ညီ့ရဲ့ရက်သားနဲ့တကွသေချာအဆောင်လုပ်ထားတာဖြစ်သည် ဆရာမကြီးက ထိုအရုပ်အားစာတွေရွတ်ဆိုပြီး စူးနဲ့ထိုးထားတောတော့ပျိုမြင်ခဲ့ရ၏  ဖြစ်ချင်တော့ညီက ကံညံ့နေသူဖြစ်တာကြောင့် ပျိုလုပ်ရတာပို၍လွယ်ကူသွားရတာဖြစ်သည် မတတ်နိုင်ပါ'ပျိုက အတ္တကြီးတယ်ဆိုလည်းကြီပါစေ ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ချင်တဲ့အတ္တ နဂိုကတည်းက ညီက ပျို့အပိုင်ပဲမလား  ညီ့မာမီရဲ့မတူမတန်ဆက်ဆံတာတွေကအစ ပျိုအလူးအလိမ့်ခံခဲ့ရပြီဖြစ်သည် ...ပျိုကတော့ လုံး၀နောက်မဆုပ်နိုင်ပါ ...အခုဘယ်လောက်ကျေနပ်နေရလဲဆိုတာပျိုသာသိ၏ ညီကပျို့ထံသို့ ပြဿနာဖြစ်ပြီး
၄ရက်မြောက်နေ့မှာရောက်ချလာတာပဲကြည့်တော့  ငွေကုန်ရကျိုးနပ်တာကြောင့် ပို၍ ကျေနပ်မိ၏

ပျို ညအိပ်ဂါ၀န်အပါးကိုသေချာ၀တ်ဆင်လိုက်ပြီး ကြည့်ကောင်းအောင်နဲနဲပြင်ဆင်နေကာ ရေမွှေးပါဆွတ်လိုက်၏

ring ring ring

ပျို့ တစ်ယောက် ကျေနပ်စွာ ရယ်မောမိပါတော့သည်
'မနေနိုင်တော့ဘူးလားညီရေ ခဏပဲကို အဟွန်း!'

ပျိုဖုန်းကိုကောက်ကိုင်လိုက်တော့ မျက်နှာထားတင်းမာသွားရလေတော့သည် ...
ခွေးကောင်!! ဖြိုးသီဟ ... နင်ကဘယ်လိုလုပ်ပြီးပေါ်လာခဲ့ရတာလဲ
ပျိုလုံး၀မကိုင်ပဲ ပစ်ထားလိုက်၏
...ဖုန်းmiss call ၃ခါမြောက်ပြီးတာနဲ့မက်ဆေ့ချ်၀င်လာ၏

ပျိုဖုန်းယူကာ မက်ဆေ့ချ်အား ကောက်ဖတ်လိုက်လေ၏

"အား!!!!  ဖြိုးသီဟ မသာကောင် !"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now