အပိုင်း(၃၈) uni-zaw

4.4K 163 42
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၃၈

ခုတလောညီကလည်း အိမ်မကပ်တဲ့အပြင် ညပါလာမအိပ်တော့ချေ ဘယ်မှာသဝေထိုးနေလည်းမပြောတတ်ပေ ပေါ်လာလိုက်ပြန်ပျောက်သွားလိုက်နဲ့ ညီနဲ့ယဥ်ရဲ့ဆက်ဆံရေးကလည်းအဆင်ပြေဖို့လမ်းစ
မမြင်တော့ပေ ယဥ်လည်းညီနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းတာရောလူပါပင်ပန်းတာနဲ့မလှုပ်ချင် မကိုင်ချင်ဖြစ်နေ၏ စိတ်သွားတိုင်းကိုယ်မပါသလို လေးလံနေတဲ့ခံစားချက်မျိုးရနေ၏ စိတ်တိုလွယ်နေပြီးတစ်ခုခုဆိုအရင်ကလောက်စိတ်မရှည်ဘူးဟုကိုယ့်ကိုကိုယ်လည်းခံစားနေရ၏ 
ဘယ်အရာကိုမှလည်းလိုက်လိုက်ဖက်ဖက်မစားချင်ပါ ထမင်းဆိုလည်းမစားချင်သလို ညဖက်တွေဆိုလည်းအိပ်မပျော်တော့ လူကလည်းပိန်လှီလာကာ ဘာဖြစ်၍ဖြစ်နေမှန်းပင်မသိခဲ့ ဒီရက်ပိုင်းစိတ်ညစ်စရာတွေချည်းတောက်လျှောက်ကြုံနေရတော့လူကလည်းမလန်းနိုင်တော့ပါ
ထိုင်ပြီးရင်လည်းမထချင်တော့သလိုစိတ်ထဲတွင်လည်းတရစ်ရစ်နဲ့မူးနေ၏ .....ယဥ်ဟိုနေ့က
နေမကောင်းတာကြောင့် အန်တီပါရောက်ချလာပြီးအဲနေ့ကတည်းကတော့အန်တီကတော့ကြီးကြီးအေး အား ယဥ်နဲ့အတူလာအိပ်ဖို့လွှတ်ပေးလေ၏
ညီက ဟိုတယ်ဆောက်ဖို့အတွက်နဲ့ခရီးထွက်သွားတယ်တဲ့ ယဥ်လည်းတွေ့သားပဲ ချောင်းသာသွားလိုက် သူ့ဟိုတယ်ခွဲရှိရာမန္တလေးသွားလိုက်နဲ့ အတော်နှပ်နေပုံပါ ယဥ် ဟိုနေ့ကညီီချောင်းသာရောက်နေတယ်ဆိုပြီးလိုင်းပေါ်မှာ ပိုစ့်တင်ထားတာတွေ့လိုက်ရ၏..
ယဥ့်ဖက်ကလည်း ညီနဲ့ပတ်သက်ပြီးလည်း ဘာတစ်ခုမှ၀င်ရောက်မစွက်ဖက်တော့ဖို့ဆုံးဖြတ်ထားသည် ယဥ့်အပေါ်တွင်လည်း အပေါ်ယံဆက်ဆံပြနေတာကို ယဥ်မလိုလားပါချေ...
ခုတလော ယဥ်လည်း တစ်ယောက်တည်းဖြစ်နေ၍လားမသိတတစ်ခုခုဆိုအားငယ်နေသလိုခံစားနေရပြီး၀မ်းနည်းလွယ်နေ၏ ယဥ်က အရင်ကတည်းက ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးကောင်းရင်ဆက်တိုက်ကောင်းနေသလို ချူချာပြီဆိုရင်လည်းသူများထက်ပို၍ချူချာတတ်သူဖြစ်၏....

ယဥ်ဒီညနေဖက်ထမင်းလည်းမစားချင်တော့ ခေါက်ဆွဲပြုတ်နဲ့ကြက်ဥပြုတ်သာစားဖို့တွေးထားလိုက်၏ ဆေးရုံကပြန်ရောက်ပြီးကတည်းကလူကမလန်းချင်တော့ ရေချိုးဖို့အရင်လုပ်ကာရေချိုးလိုက်သည်

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now