အပိုင်း(၂၂)uni-zaw

2.8K 101 14
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း အပိုင်း၂၂

ဒီနေ့ ညီမလေးခွဲစိတ်ရမဲ့နေ့မို့ ယဥ်တစ်ယောက်စိတ်လှုပ်ခြားနေ၏ ပုံမှန်ဆို ယဥ် ဒီအရာတွေနဲ့လက်ပွန်းတတီးနေလာခဲ့ပြီး စိုးရိမ်စရာအခြေအနေအနေနဲ့သိပ်မရှိပယ်မယ့်လည်း ယဥ်အနည်းငယ်တုန်လှုပ်နေမိသည် ခုချိန်မှာ ညီမလေးအတွက် ယဥ် စိတ်ပူနေတာကြောင့် ယဥ့် စိတ်တွေလှုက်ရှားနေတာကြောင့် မည်သူနဲ့မျှလည်းစကားပြောချင်မနေပါ ဖေဖေနဲ့မေမေကလည်းမျက်နှာမကောင်းကြပေ  ယဥ်ကိုယ်တိုင်လည်းစိတ်အခြေအနေအဆင်မပြေပယ်ယ်မယ့်  အတတ်နိုင်ဆုံးစိတ်တင်းထားကာ operation room ရှေ့ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေမိ၏ ယဥ် ခုချိန်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်းဂရုမစိုက်နိုင်တော့ပါ  ငယ်ငယ်အဆင်ပြေစေဖို့ပဲ စိတ်ထဲမှအကြိမ်ကြိမ်ဆုတောင်းနေမိ၏
ယဥ့်လက်တွေကလည်း အနည်းငယ်တုန်နေတော့ လူမမြင်ရအောင်နောက်သို့မသိမသာ၀ှက်ထားလိုက်၏

"သမီးယဥ် ကြည့်ရတာစိတ်လှုပ်ခြားနေပုံပဲ စိတ်လျော့ထားလေ အဲလောက်ကြီးစိတ်မပူပါနဲ့သမီးရယ်  သမီးညီမလေးအဆင်ပြေမှာပါ "

အန်တီက ယဥ့်အခြေအနေတွေကိုနားလည်ဟန်ဖြင့်ပြောလာ၏ မနက်ကတည်းက အန်တီရောညီပါရောက်ချလာပြီးအစစအရာရာကူညီပေးလေ၏ ညီကတော့ အပြင်သွားကာ လိုအပ်တာတွေသွား၀ယ်ဖို့ ခိုင်းထားခြင်းဖြစ်သည်

"ယဥ်နဲနဲစိတ်လှုပ်ခြားနေတာပါ အန်တီအဆင်ပြေပါတယ်"

"သမီးခဏအပြင်ထွက်လိုက်လေ စိတ်ပြေလက်ပျောက် ဖေဖေတို့လည်းရှိတာပဲ "

"ဟိုရပါတယ်ဖေဖေ ယဥ်အဆင်ပြေပါတယ် "

ဖေဖေကပါ၀င်ပြောလာပယ်မယ့် ယဥ်ငြင်းမိပြန်သည် ညီမလေးအခန်းထဲမှအောင်အောင်မြင်မြင်နဲ့ထွက်လာမှပဲယဥ်စိတ်အေးနိုင်မည်ပင်

ယဥ်တို့စကားပြောနေရင်းနဲ့ ညီပါ operation roomရှေ့ရောက်ချလာ၏
ညီကတော့ ဟို့နေ့ကလာပြီးကတည်းက နေ့တိုင်းတစ်ခေါက်စီ ငယ်ငယ့်ထံသို့ရောက်တတ်လေသည် ဖေဖေနဲ့ညီတို့က မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ကြပယ်မယ့် နှစ်ယောက်သားဘာစကားတလေမှမပြောခဲ့ကြပါ ညီနဲ့ မေမေကသာ တစ်ခွန်းတလေပြောဖြစ်ကြ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now