အပိုင်း(၃၄)uni-zaw

2.8K 104 20
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း၃၄

ညီခန့်တစ်ယောက် ဒေါသထွက်နေတာကြောင့် လက်သီးကိုတင်းတင်းဆုပ်ထားလိုက်၏ သူ့ညီသာဆိုရင်ခုချိန်လောက်ဆိုနရင်းပိတ်အုပ်လိုက်ပြီဖြစ်သည် ယောက်ဖမို့ မိန်းမမျက်နှာကတစ်ကြောင်းထောက်နေရ၏

"မင်းငါ့စကားနားမထောင်ဘူးပေါ့လေ မင်းကိုငါဘာပြောထားလဲ ဇေထက်ယံ မင်းအဲကောင်တွေနဲ့ထပ်မပတ်သက်ဖို့ပြောထားတယ်မလား ငါတို့ဒီကိစ္စအတွက် ဆွေးနွေးပြီးပြီထင်တယ် "

ဇေထက်ယံကတော့ ညီ့ခန့်အားမကြည့်ပဲ အောက်ငုံ့ထားလေ၏  ဇေထက်ယံကို ညီခန့်အခုပဲ ရဲစခန်းတွင်အာမခံနဲ့ထုတ်လာရတာဖြစ်၏  ဒီကောင်လေးဒီလောက်ထိဆိုးမှန်းမသိခဲ့ပါချေ ငွေသိန်းငါးရာပေးပြီးတဲ့အပြင် ဇေထက်ယံအား ကိုယ့်ညီလေးတစ်ယောက်လိုမျိုးလမ်းကြောင်းတည့်ပေးချင်တာကြောင့် ဇေထက်ယံ၀ါသနာပါတယ်ဆိုတဲ့chefတစ်ယောက်ဖြစ်ဖို့ အဆင့်မြင့်တဲ့သင်တန်းတွင်ထားပေးတဲ့အပြင်သင်တန်းကအဆောင်မှာပဲ နေစားစရိတ်ကအစအကုန်ခံ၍ထားပေးထားတာဖြစ်၏ဒီလောက်လုပ်ပေးတဲ့ကြားက အဆောင်ကခိုးထွက်ပြီးအပြင်မှာသောင်းကျန်းလိုက်သေးသည် အဲတာကလည်းထွက်သွားနေတာ၂ရက်ရှိပြီဆိုပြီးအဆောင်ကဖုန်းဆက်လာတော့မှ သူသိတာဖြစ်၏ ညီ့ခန့်မှာအဆောင်ကိုအပြေးသွားပြီးသူဘယ်နေရာတွေသွားတတ်လဲ သူ့အခန်းဖော်တွေကိုလိုက်မေးရပြန်၏
ထိုမှနေ၍ ရဲစခန်းတွင်အချုပ်ကျနေတယ်ဆိုပြီး ဇေထက်ယံက စခန်းကဖုန်းနဲ့ညီခန့်အားဖုန်းဆက်လာတော့မှ သူကိုယ်တိုင်စခန်းသွားကာ ဇေထက်ယံအား
အာမခံဖြင့်ထုတ်လာခဲ့ရသည်  ဇေထက်ယံက
ထောင်ထဲတွင် တစ်ညည့်အိပ်ပြီးတဲ့အဖြစ်ထိပင် ..
ညီခန့် လည်း မာမီအိမ်ကပြန်လာကတည်းကတစက်မှမနားရပဲ ဇေထက်ယံနေတဲ့ အဆောင်ကိုပြေးလိုက် ပြန်လာတော့ရဲစခန်းပြေးလိုက်နဲ့အချိန်ကုန်နေ၏
သေချာသည် သူတို့မောင်နှမနှစ်ယောက်လုံးညီ့ခန့်အားတစ်မျိုးတစ်ဖုံနှိပ်စက်နေကြခြင်းပင်...
  အမဖြစ်သူက ညီခန့်အားစိတ်ပိုင်းဆိုင်ရာနှိပ်စက်လိုက် အခု မောင်ဖြစ်သူကပါ ရုပ်ပိုင်းဆိုင်ရာ ထပ်နှိပ်စက်နေသလိုခံစားနေရ၏ တော်တော်ဆိုးတဲ့မောင်နှမတွေ... ဒါတောင်မှပဲ ကျောင်းအုပ်ကြီးရဲ့ သားနဲ့သမီးတွေမို့...

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now