အပိုင်း(၂၈) uni-zaw

3.5K 110 5
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း(၂၈)

ညီနဲ့ယဉ်ငယ်ငယ့်အားဝင်ပို့ခဲ့ကြပြီး အပြန်အိမ်ခဏ၀င်ပြီးအန်တီအတွက်လုပ်ထားတဲ့ ငါးဖယ်လုပ်ထားတာကိုဝင်ယူလေ၏ ယူတာနဲ့ ယဉ်ရောညီပါ အ၀တ်အစားပြန်လှဲရလေသည် ညီ့ဘောင်းဘီက စိုနေတာကအသိသာပင် ညီက တီချပ်အဝါကိုမှ ဂျင်းဘောင်းဘီအတိုနဲ့ဝတ်ထားပြီးယဉ်ကတော့ ဂါဝန်မ၀တ်ရဲတော့တာကြောင့် စတိုင်ပင်နဲ့ crop topကိုသာတွဲဝတ်လိုက်၏ ယဉ်ဝတ်လာတာမြင်တော့ညီကသဘောကျစွာတချက်ရယ်ပြန်သည် ယဉ်မျက်စောင်းတချက်ထိုးလိုက်တော့မှ ပါးစပ်ကိုလက်နဲ့အုပ်ကာပြောင်စပ်စပ်နဲ့လုပ်ပြနေသေး၏ ပြီးတော့မှပဲအန်တီဆီကို တဖန်သွားကြပြန်ပါသည်

ကားလေးခြံထဲတရွေ့ရွေ့ဝင်သွားတာနဲ့ ယဉ့်ရင်တွေအလိုလိုခုန်လာခဲ့၏ အရင်တုန်းကခံစားချက်နဲ့အခုခံစားချက်ကတခြားစီဖြစ်နေကာ အခုခံစားချက်ကကျထူးခြားနေ၏ ယဉ်အနည်းငယ်စိတ်လှုပ်ခြားနေကာ ညီ့ဖက်လှည့်ကြည့်လိုက်တော့ ညီကပုံမှန်အတိုင်းပင် ယဉ် ရှေ့ကိုပြန်ပြီးမျက်နှာမူထားလိုက်၏

"စုယဉ် လက်တွေအေးစက်နေတယ် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

"......."

ညီက ကားမောင်းနေရင်း ယဉ့်လက်တွေကိုဆုပ်ကိုင်လာကာ ယဉ့် လက်ဖမို့အားဖိကပ်နမ်းလိုက်လေ၏
ညီ့အပြုအမူကြောင့် ယဉ်ရင်တွေဗြောင်းဆန်ကုန်၏ ညီအခုတလောတော်တော်ပြောင်းလဲသွားတာပဲ ...

ယဉ်တို့ကားလေး ပေါ်တီကို (portico)ပေါ်မှာကားရပ်လိုက်လေ၏ ..
ယဉ်ရောညီပါကားပေါ်မှအတူဆင်းလိုက်ကြပြီး ညီကတော့ ခါတိုင်းနဲ့မတူပဲယဉ့်လက်တွေကိုဆုပ်ကိုင်ထား၏
နှစ်ယောက်သားအကြည့်ချင်းဆုံပြီး ပြုံးလျှက်အထဲဝင်လိုက်ကြ၏

"မာမီ !!!

"အယ် သားတို့လာကြတာလား ထူးထူးဆန်းဆန်းလာ ထိုင်ကြ"

"ဟုတ်အန်တီ ဒီမှာ အန်တီတို့အတွက်ငါးဖယ်လုပ်ထားတာပါလာတယ် "

"ဟယ် ဟုတ်လားအတော်ပဲ သမီးအဖွားက ခုတလောထမင်းမစားးချင်ဘူးတဲ့ ငါးဖယ်လေးကိုသုပ်ပြီးတော့ကျွေးကြည့်အုံးမှ "

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now