အပိုင်း(၁၂)

390 29 7
                                    

မဖတ်သင့်၊မရှုသင့်၊မမြင်အပ်၊မြင်အပ်သော စာသားအချို့ ပါဝင်သွားခဲ့သည်ရှိသော် မျက်ကွယ်ပြုပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

(အဲ့နေရာကိုဘဲ ထပ်ခါထပ်ခါကျော်ပြီးဖတ်ကြပေါ့နော် အဟန့်)

•••••••••••••••••••••••••••••••••
ဤသို့ဖြင့် မင်္ဂလာပွဲကြီး အောင်မြင်စွာ အထမြောက်ခဲ့လေပြီ။

စိမ်းမမ သည်လည်း ဦးလွင့်ပြယ်မောင်မောင် ဟုအမည်တွင်သည့် အရေးပိုင်မင်းကြီး၏ အိမ်သူသက်ထားဇနီးသက်လျာလေး ဖြစ်လာလေပြီဖြစ်သည်။

"ဟို ကလေး ပင်ပန်းနေသလား"

သူ့အား ‌ကလေး ဟု နာမ်စားသုံးသည်ကို နားမလည်စွာနဲ့ ဘေးဘီလိုက်၍ကြည့်နေသော စိမ်းမမ ရယ်ပါ။

"ကျွန်တော်မျိုးရဲ့ အိမ်သူသက်ထားဇနီးမယားလေး ကို ပင်ပန်းနေသလားလို့ မေးမြန်းတာပါ"

"..."

"ကဲ...ရှင်းသလား"

"ရုတ်..ရုတ်တရက် ကလေး လို့သုံးနှုန်းလိုက်တော့ စိမ်း..စိမ်းက"

"ဟောဗျာ..စိမ်းမမ က သိပ်ကိုရဲတင်းတယ်လို့ သတင်းတွေမွှေးပျံ့နေတော့ အဟုတ်မှတ်နေတာ ကျုပ်နဲ့တွေ့တိုင်း သိပ်ကိုရှက်တတ်နေပါရောလား"

"..."

"ဒီမယ် အနားကိုလာ ကျုပ်ပြောပြမယ်"

နှစ်ယောက်အိပ် ကျွန်းကုတင်ကြီးပေါ်ဝယ် အကျအနထိုင်နေသော အရေးပိုင်မင်း၏ အခေါ်တော်ကြောင့် စိမ်းမမတစ်ယောက် ကုတင်စွန်းလေးဝယ် အမှီပြုကာ ထိုင်လေသည်။

အရှက်ပိုနေသော စိမ်းမမအား စိတ်မရှည်စွာပင် အရေးပိုင်မင်းကြီးက အနားနားသို့ ဇိုးဇက်စွာ ဆွဲခေါ်လေသည်။

"အို..."

"အခု ကျုပ် ပြောတဲ့စကားတွေကို ဆိုင်သူလေး အနေနဲ့ လေးလေးနက်နက် နားထောင်စေချင်တယ်"

"...."

"မောင်မောင်က စိမ်းမမ ရဲ့ ခင်ပွန်း တစ်နည်းအားဖြင့် လင်ယော်ကျား ဟုတ်သလား"

"ဟုတ်...ဟုတ်ပါတယ်"

"သည်တော့ ဆိုင်သူလေး ဆက်လျှောက်လှမ်းရမဲ့ဘဝရဲ့ အကောင်း အဆိုး အကျိုး အကြောင်း အမှန် အမှား အရာအားလုံးက မောင်မောင်နဲ့သက်ဆိုင်တယ် မဟုတ်လား"

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now