အပိုင်း(၅)

840 62 8
                                    

"သိပ်ကိုထိတ်လန့်သွားစေမိရင် sorry ပါ စိမ်းမမရယ်"

"စိမ်း..စိမ်းလို့ပဲခေါ်ပါ"

"ဟုတ်ပြီ ကျုပ်က စိမ်းမမ ကို စိမ်း လို့ခေါ်ဝေါ်လိုက်ပြီဆိုပါစို့"

"..."

"သည်လိုဆို စိမ်းကရော ကျုပ်ကိုဘယ်လိုမျိုးပြန်ခေါ်ချင်သလဲ ဟင်.."

"အို..အရေးပိုင်မင်းလိုလူကိုဘယ်သူကများလက်လွှတ်စပယ်ခေါ်ဝေါ်ရဲပါ့မလဲရှင်"

"စိတ်မရှိရင် မောင်မောင် လို့ပဲခေါ်ပါလား စိမ်းရယ်"

"အလိုတော်!"

အမည်အရင်းမှာ ဦးလွင့်ပြယ်မောင်မောင် ဖြစ်၍ အဆုံးသတ်ဖြစ်သော "မောင်မောင်" အားဆွဲနှုတ်ကာခေါ်ဝေါ်စေလိုခြင်းဖြစ်မည်လား။သို့ပေမဲ့ ထိုအခေါ်အဝေါ်ကြီးဟာတစ်မျိုးတော့တစ်မျိုးပါလေ။စိမ်းသည်လည်း အရွယ်ရောက်ပြီးသားလူတစ်ဦးဖြစ်သည့်အလျောက်ဖြစ်သင့်သည်၊မဖြစ်သင့်သည်နှင့်မှားသည်၊မှန်သည်ကိုကောင်းမွန်စွာခွဲခြားနိုင်ပေသည်။

"သည်လိုဆို အခြားသူတွေကရော အရေးပိုင်မင်းကို မောင်မောင်လို့ပဲခေါ်ကြသလား"

"ခေါ်ရဲခေါ်ကြည့်ပါလား တစ်ခါတည်းလည်လှီးပြီးမြေမြှုပ်ပစ်လိုက်မှာ သိရဲ့လား"

"ဟင်..သည်လိုဆို ဘာကြောင့်များစိမ်းကရော မောင်မောင် လို့ခေါ်ဝေါ်ရမှာပါလဲ"

"..."

"ပြောပါဦး အရေးပိုင်မင်းကြီးဦးလွင့်ပြယ်မောင်မောင်ဟာ ကျွန်မစိမ်းမမကို လည်လှီးပြီးမြေမြှုပ်ပစ်ဖို့ကြံရွယ်နေပါသလား"

"မဟုတ်ရပါဘူး မဟုတ်ရပါဘူးစိမ်းရယ်"

သူဘာလို့များဒီလို‌တွေလုပ်မိနေတာပါလဲ။စိမ်းမမဟာမိန်းမတစ်ဦးမှမဟုတ်တာဘဲ။ခက်တော့ခက်နေလေပြီ။

"အရမ်းကြီးအတွေးများမနေပါနဲ့ အရေးပိုင်မင်းကြီးရယ် စိမ်းစိတ်ထဲမှာဘာမှမထားပါဘူး သည်လိုဆို အချိန်လည်းလင့်နေပြီမို့ စိမ်းကိုသွားခွင့်ပြုပါဦးနော်"

"ကောင်းပါပြီ ကောင်းပါပြီ အခွင့်ကြုံရင်ပြန်ဆုံကြသေးတာပေါ့ စိမ်းရယ်"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now