အပိုင်း(၁၁)

490 27 1
                                    

မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊တန်‌ဆောင်မုန်းလဆန်း ၁၄ ရက်၊ခရစ်နှစ် ၁၉၃၆ ခု၊နိုဝင်ဘာလ ၁၃ ရက်နေ့၊အင်္ဂါနေ့။

သည်ကနေ့မှာတော့ RANGOON မြို့အနှံ့ ဟိုးလေးတစ်ကြော်ကြော်ဖြစ်နေသော သတင်းတစ်ပုဒ်ရှိလေသည်။

ဤသည်က...

- သူရိယသတင်းစာ -

မြို့တော် RANGOON ၏ အရေးပိုင်မင်းကြီး ဦးလွင့်ပြယ်မောင်မောင် မင်္ဂလာဆောင်ပြီ။

•••••••••••••••••••••••••••••••••
အရေးပိုင်မင်းကြီးဟာ မကြာမီအချိန်အတွင်း မိမိ၏ အိမ်သူသက်ထား ဖြစ်လာမည့် စိမ်းမမ အား အကြည့်မလွဲနိုင်အောင်ပင်ဖြစ်နေရလေပြီ။

"မောင်မောင့် ဆိုင်သူလေးဟာ သိပ်ကိုလှရက်လွန်းပါတယ်.."

ယနေ့ စိမ်းမမ၏ သွင်ပြင်မှာ...

ရွှေကြိုးဖြင့်တပ်ဆင်ထားသည့် အနက်‌ရောင်ရင်ခံအင်္ကျီ၊အပေါ်မှ ထပ်မံဝတ်ဆင်ထားသည့် ရွှေကြယ်သီးများဖြင့်အလှတပ်ဆင်ထားသော အဖြူရောင်ဇာ ရင်ဖုံးလက်ရှည်နှင့် ဖြူလွလွထမိန်တို့အားဝတ်ဆင်ထားသော စိမ်းမမ။

ဆံထုံးငယ်ထုံးကာ ရှားပါးလှသည်ဟူသော အနက်ရောင်နှင်းဆီပန်းအား ပန်ဆင်ထားသော စိမ်းမမ။လည်တိုင်ကြော့ကြော့ထက်တွင် ဝတ်ဆင်ထားသော ပုလဲများဖြင့် စီခြယ်ထားသော လည်ဆွဲ နှင့် ဖြူလွလွခြုံထည်ပုဝါအား ကိုင်ဆောင်ထားသော စိမ်းမမ။

တစ်နည်းအားဖြင့် အလှတရားအား စကားလုံးအလှဖြင့် တင်စားရပါလျှင် ဂန္တဝင်ဆန်သော စိမ်းမမ ပင်တည်း။

သို့သော်...

"ဆိုင်သူလေး..."

"အမိန့်ရှိပါ အရေးပိုင်မင်းကြီး"

"ဘယ်နှယ့် အရေးပိုင်မင်းကြီးတုန်း နားခါးလိုက်တာကွာ"

"ဟို..အမိန့်ရှိပါ မောင်မောင်"

"သည်လိုမှပေါ့ ကျုပ်ကြည့်ကောင်းသလား ဆိုင်သူလေး.."

"ဟင့်အင်း ဘိုကေ ကြီးနဲ့"

"ဘိုကေ ညှပ်ထားတော့ အပျိုတွေကကြွေတာပေါ့ စိမ်းရဲ့"

"မထင်ပေါင်"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now