အပိုင်း (၂)

1.4K 94 3
                                    

မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊ကဆုန်လပြည့်ကျော် ၂ ရက်၊ခရစ်နှစ် ၁၉၃၆ ခု၊မေလ ၁၇ ရက်နေ့၊တနင်္ဂနွေနေ့။

ခမ်းနားထည်ဝါလှသည့် စံအိမ်တော်ကြီးတွင် အရေးပိုင်မင်း "လွင့်ပြယ်မောင်မောင်" တစ်ယောက်ဟာဆိုရင်ဖြင့် လောလောလတ်လတ်ထွက်ရှိထားသော စာရေးသူ-မာဂရက် မစ်ချယ် ၏ Gone With The Wind ဟူသောစာအုပ်အားစိတ်ဝင်တစားဖတ်ရှူနေလေသည်။

ထိုစဉ် စံအိမ်ကြီး၏အိမ်တော်ထိန်းတစ်ဦးဖြစ်သည့် ‌ဒေါ်မွန်နှောင်းယု ဟာအရေးပိုင်မင်း၏စာကြည့်ခန်းအတွင်းသို့တံခါးခေါက်ကာဝင်ရောက်လာပါတော့သည်။

ဒေါက် ဒေါက် ဒေါက်...

"ကျွန်မလျှောက်တင်စရာသတင်းစကားရှိတာကြောင့် ဝင်ခွင့်ပြုပါ သခင်ကြီး"

"..."

"တမြန်နေ့က သခင်ကြီးအမှာတော်ပါးလိုက်တဲ့ ပြည့်တန်ဆာစံအိမ်ကလူတစ်ဦးဟာသခင်ကြီးကို တွေ့ခွင့်တောင်းနေပါတယ်"

"ဝင်လာခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ အဲ့လိုဆိုရင်ကျွန်မကိုသွားခွင့်ပြုပါဦး"

ထိုသို့ဆို၍စာကြည့်ခန်း၏အဖွင့်အပိတ်တံခါးအားဖြေးညှင်းစွာပိတ်၍အခန်းပြင်ပသို့ထွက်ခွာသွားလေသည်။

များမကြာမီအချိန်တွင် စာကြည့်ခန်းအတွင်းသို့ထပ်မံ၍လူတစ်ဦးဝင်လာပြန်သည်။သို့သော် ထိုသူအားကျွန်ုပ်မသိပါလေ။

"ကျန်းမာပါစ အရေးပိုင်မင်းကြီးရှင့်"

"ကျန်းမာပါတယ်ဗျာ ကျန်းမာပါတယ်"

"..."

"ကဲ..ထိုင်ပါဦးဗျ"

"သဘောတော်အတိုင်းပါပဲရှင်"

သူအခေါ်လွှတ်လိုက်တာ "ဒေါ်မြကိန္နရီ" ဆိုသည့် မိန်းမလျာတစ်ဦးကိုပါ။ဘယ်လိုအကြောင်းကြောင့်များဒီလိုလှပချောမောတဲ့အမျိုးသမီးဟာကျွန်ုပ်ရဲ့ရှေ့မှောက်ကိုရောက်ရှိလာရပါသလဲ။

"ဒီကအမျိုးသမီးက ဘယ်လိုအကြောင်းကြောင့်ကျုပ်ဆီလာရပါသလဲ ကျုပ်အခေါ်လွှတ်လိုက်တာဟာ မိန်းမလျာတစ်ဦးဖြစ်တဲ့ ဒေါ်မြကိန္နရီ ကိုပါ"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now