အပိုင်း(၁၀)

424 34 8
                                    

အခြေအ‌နေအရပ်ရပ်ကိုမသိရှာ‌သော အရေးပိုင်မင်းကြီးဟာ အိမ်တော်၌အတန်ကြာနေရသည်ကို ပျင်းရိလာပေသည်မို့ ပြင်ပသို့ထွက်ကာ ညနေဈေးတန်းဘက်သို့ဦးလှည့်ခဲ့ပေသည်။

ညနေဈေးတန်းသို့အရောက် ကြားသိရသည့်စကားသံအချို့က ရင်ဝကိုမီးစနဲ့မြှိုက်လိုက်သကဲ့သို့ပင်။

ဤသည်က...

"ညည်းကို ကျုပ် သတင်းထူတစ်ခုပြောပြရဦးမယ်"

"ဟုတ်စ"

"ဟိုပြည့်တန်ဆာစံအိမ်က မိန်းမလျာအပျက်မတွေကို မဟာဝန်ရှင်တော်မင်းကြီးကဖမ်းဆီးခေါ်ဆောင်သွားတာတဲ့တော့်"

"သဘာဝတရားကိုလွန်ဆန်တော့ ကံကြီးထိုက်တာနေမှာပေါ့"

"စိမ်းမမ ဆိုလားဘာဆိုလား အဲ့သည့်မိန်းမလျာမ ဆိုရင် အရေးပိုင်မင်းကြီးကိုအပိုင်ကြံနေတာတဲ့ တော်ရေ"

"ယောင်္ကျား အချင်းချင်း ရွံစရာကြီးပါအေ"

လူတွေများသူတစ်ပါးကိုဆိုရှာကြံပြီးအပြစ်မြင်တတ်လိုက်ပုံများကတော့ ကမ်းကုန်ပင်။သူတို့၏စကားများဟာ အရေးပိုင်မင်းကြီးအား ခံစားမှု ရသ နှစ်မျိုးကိုဖြစ်ထွန်းလာစေပေသည်။

ဂရုဏာ ရသ နှင့် ဝိဘစ္ဆ ရသ

"သည်မယ် အမိတို့"

"အို...အရေးပိုင်မင်းကြီး မဟုတ်ပါလား"

"ကျုပ် အမိတို့ရဲ့ပြောစကားတွေကို မြေဝယ်မကျကြားသိလိုက်ရတယ် သည်တော့ ကျုပ်က အမိတို့ကို တစ်ခုတစ်လေလောက်တော့ပြောပြချင်တယ်"

"ဟို...ဟိုလေ"

"စိမ်းမမ ကို နှုတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ မထိပါးနဲ့"

"..."

"ကျုပ်လူကို မ ထိ နဲ့"

ဤမျှပြောကာ လှည့်ထွက်ခဲ့ပေသည်။အရေးကြီးသည်က မဟာဝန်ရှင်တော်မင်းကြီးထံသို့ အမြန်ဆုံးရောက်ရှိနိုင်ရန်ဖြစ်ပေသည်။
ထို့ကြောင့် လန်ချားတစ်စီးငှားကာ မဟာဝန်ရှင်တော်မင်းကြီးဆီသို့အပြေးနှင်ခဲ့ပေသည်။

လမ်းတစ်လျှောက်တွင်...

"မဟာဝန်ရှင်တော်မင်းကြီးက သူတို့ကို တော်ကောက်ဖို့ ခေါ်ဆောင်သွားတာ"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now