အပိုင်း (၁)

2.7K 117 9
                                    

၁၉၃၆ ခုနှစ်၏ကိုလိုနီအဆောက်အဦးများအကြားတွင်ခမ်းနားထည်ဝါစွာတည်ရှိနေသောအဆောက်အဦးတစ်ခုရှိပေသည်။ထိုအဆောက်အဦးအတွင်းမှလုံမပျိုလေးများ၏ဘဝမှာတော့ခမ်းနားထည်ဝါခြင်းအလျင်းမရှ်ိနိုင်ပေ။

"မမမြ မမမြ ရှိလား"

"ဒေါ်မြကိန္နရီကိုပြောတာလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်ဗျ"

"လောလောဆယ်တော့မရှိဘူး ဘာကိစ္စရှိလို့လဲ"

"အရေးပိုင်မင်းက အခေါ်တော်လွှတ်လိုက်လို့ပါဗျ မမမြကိုလည်းကြိုတင်အကြောင်းကြားထားပြီးပါပြီ"

"ကောင်းပြီလေ သူပြန်လာရင်စိမ်းပြောပြလိုက်ပါ့မယ်"

သူမကိုယ်သူမ "စိမ်း" ဟုသုံးနှုန်းလိုက်တဲ့အခါမှာထိုလူဟာဆွံ့အသွားရပါသည်။အဘယ်ကြောင့်ဆိုသော်"စိမ်းမမ"ဟူသောအမျိုးသမီးအားယခုလိုစကားအပြောအဆိုလုပ်နိုင်ဖို့ရာသာမာန်ယော်ကျားတစ်ဦးဟာမစွမ်းဆောင်နိုင်ပေ။မိန်းမလျာဆိုလျှင်ရွံမုန်းတတ်သောအသိုင်းအဝိုင်းကြားတွင် "မြကိန္နရီ" နှင့် "စိမ်းမမ" ဟာခေါင်းမော့ရင်ကော့လျက်ဝေဖန်ပြောဆိုသူများပြန်လည်ချေပနိုင်သူများပင်။

"ဟိတ် ဘာတွေကြောင်ကြည့်နေတာလဲ အကြောင်းမရှိရင်ပြန်လို့ရပြီနော်"

"ကောင်းပါပြီဗျ ကျွန်တော့်ကိုခွင့်ပြုပါဦး"

များမကြာမှီအချိန်တွင် "မမမြ" တစ်ယောက်လောကကြီးအားခြေဆန့်နေရာမှမိမိတို့နားခိုရာစံအိမ်ကြီးသို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ပြင်ပလူများအတွက်ရှုံ့ချစရာဖြစ်သည့်ဤပြည့်တန်ဆာအိမ်ကြီးသည်နွေးထွေးသောအရိပ်အမြုံတစ်ခုဖြစ်ကြောင်းမိမိတို့မှလွဲ၍မသိနိုင်ပေ။

ဒေါက် ဒေါက် ဒေါက်...

"စိမ်း ဝင်ခဲ့မယ်နော် မမမြ"

"ဝင်ခဲ့လေ စိမ်းရဲ့ ပြောနေစရာလူတွေမှမဟုတ်တာပဲ"

"မမမြကို မနက်ကလူတစ်ယောက်လာရှာသေးတယ်သိလား"

"အရေးပိုင်မင်းအခေါ်တော်လွှတ်လိုက်တာနဲ့တူတယ် ဟုတ်သလား"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now