အပိုင်း(၄)

930 68 6
                                    

စံအိမ်တော်အပြင်ဘက်သို့ထွက်ခွါသွားသူအားအရေးပိုင်မင်းတစ်ယောက်မျက်စိတစ်ဆုံးလိုက်လံကြည့်ရှူနေမိသည်ဟု‌ဆိုပါလျှင်ယုံနိုင်ပါလေမလား။

"ကျစ်!"

"ဘယ်လိုကြောင့်များကျုပ်ရဲ့နှလုံးသားတစ်စုံကိုဖမ်းစားသွားလေသလဲကွယ်"

စိမ်းမမ၏ပုံပန်းသွင်ပြင်ဟာဆိုရင်ဖြင့် နက်မှောင်သန်စွမ်းသောဆံနွယ်ရှည်များအားအခြား‌သောလူများကဲ့သို့ထုံးဖွဲ့ထားခြင်းအလျင်းမရှိပေ။လေပြေတစ်ချက်တိုက်လေတိုင်းဝဲပျံသွားသောဆံနွယ်များကကျွန်ုပ်အားဒူးထောက်ခစားရလောက်တဲ့အထိစွမ်းဆောင်နိုင်ပါသည်ဟုပြောလျှင်ယုံပါမည်လားလေ။

ထို့အပြင်ဝင်းဝင်းဝါဝါအ‌သားအရေနှင့်လိုက်ဖက်စွာဝတ်စားဆင်ယင်ပုံဟာလည်းပနံသင့်စွာပင်။ပြည့်တန်ဆာအိမ်ကြီးတွင်နေထိုင်သူတစ်ဦးဖြစ်ပေမဲ့သူမ၏ပုံစံဟာအထက်တန်းလွှာကျနေလေသည်။

မျက်နှာလှလှလေးအားပုံဖော်ကြည့်မည်ဆိုလျှင်တော့ဦးစွာပထမအနေဖြင့်ပါးပြင်ပေါ်မှစွဲမက်ဖွယ်ပါးချိုင့်နက်နက်ကလေးများအားမြင်တွေ့နိုင်ပေသည်။မျက်ဝန်းတစ်စုံဟာဆိုလျှင်လည်းနူးညံ့ခြင်းဆိုသည်ထက်စူးရဲပြီးအကြောက်တရားကင်းမဲ့သည့်အသွင်ကိုဆောင်လေသည်။နှုတ်ခမ်းလွှာဟာလည်းချယ်ရီပွင့်က‌လေးများနှယ်နူးညံ့ကာရဲရဲစိုစိုကလေးနှင့်ဖူးဝင့်ကာမြင်ရုံမျှနှင့်ပင်နမ်းရှိုက်ချင်စရာကောင်းပေသည်။

လူတစ်‌ယောက်ဟာချစ်ဖို့ကောင်းခြင်းနှင့်ချောမောခြင်းအားယှဉ်တွဲ၍မစွမ်းဆောင်နိုင်ပေဟုကြားဖူးနားဝရှိလေသည်။သို့သော် စိမ်းမမ ဟူသည့်သူမကတော့ချစ်ဖို့ကောင်းခြင်း၊ချောမောခြင်းတို့သာမကရဲရင့်သည့်အသွင်ကိုပါဆောင်နိုင်လေသည်။

"ပထမဆုံးအကြိမ်တွေ့ဆုံမှုနဲ့တင် သည်လောက်ထိစွဲလမ်းတပ်မက်မိသည်ဆိုလျှင်တော့ နောက်အကြိမ်များသာဆိုရင်ခက်ရပါချည်ရဲ့ဗျာ"

အရေးပိုင်မင်းကြီးသည်တစ်စုံတစ်ရာအားမေ့လျော့နေပါသလားဟုထင်မှတ်မိပါသည်။ဤသည်မှာသူတပ်မက်စွဲလန်းနေသော စိမ်းမမ သည်မိန်းမလျာတစ်ဦးဖြစ်နေသည်ကိုပင်။

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now