အပိုင်း(၃၇) Unicode

713 104 25
                                    

[AN: Slight Disturbing Content Alert! ]

"ကျန့် ရဲ့ ရှေ့နေ့ကိုကျန့်စုံစမ်းခိုင်းထားတဲ့ကိစ္စ..."

အခန်းထဲဝင်ခွင့်တောင်းကာဝင်လာပြီး၊ မနက်စာစားနေသည့်သူ့အရှေ့လာရပ်၍ပြောနေသည့်ဒီယေဂိုကိုရှောင်းကျန့် ဆက်ပြောဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

"အဲ့ဒီယာဉ်တိုက်မှုက လုပ်ကြံမှုမဟုတ်ဘဲ ၁၀၀ ရာခိုင် နှုန်း မတော်တဆမှုဆိုတာမှန်ကန်ကြောင်းတင်ပြလာပါတယ်...တရားခံက ကျန့်သိထားပြီးတဲ့အတိုင်း အသက် ၁၈၊ ၁၉ အရွယ် ဂျပန်လူမျိုး xxxx အသိုင်းအဝိုင်းကဆိုတာလည်း အဲ့ကတည်းကအတည်ပြုထားပြီးကြောင်းပါတဲ့...အဲ့တာကြောင့် ကြေးစားသမားတစ်ဦးမဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်..."

"ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကရော..."

"အနောက်နိုင်ငံမှာအခြေချနေကြတာ ၁၀ စုနှစ်တစ်ခုစာလောက်အတော်ကြာပြီလို့သိထားရပါတယ်..."

သူ့အဖြေကိုဘဝင်သိပ်မကျသေးဟန်ရှိသည့် ရှောင်းကျန့်ကို ဒီယေဂို သူ့ဖုန်းဖွင့်ကာတစ်ခုခုပြဖို့လုပ်ပြီးမှပြန်ရုတ်သိမ်းလိုက်သည့်အခါ...

"ဘာလဲ..."

"အခင်းဖြစ်တုန်းက ဓာတ်ပုံအချို့ကိုကျန့်ရဲ့ရှေ့နေပြန်လိုက်ထားတာပါ...ကျန့်စိတ်ထဲမရှင်းမှာစိုးလို့ပြပေးချင်ပေမယ့် ကြည့်ချင်စိတ်မရှိရင်..."

"ပြစမ်းပါ...ငါ့အသည်းအဲ့လောက်လည်းမနုပါဘူး..."

ဒီယေဂို​၏ဖုန်းကိုရှောင်းကျန့် ကိုယ်တိုင်ဆွဲယူလိုက်သည်။ဓာတ်ပုံအဟောင်းတို့ကိုပြန်၍ရိုက်ထားရသည့်ပုံထဲ၌ ကားမှန်တို့တစ်စစီကြွေပြီး သွေးသံတရဲရဲမြင်ကွင်းတို့သည် သူစိတ်ထိခိုက်မည်စိုး၍သူ့အဘိုးဖြစ်သူတစ်ခါမှမပြခဲ့ဖူးသည့်ပုံများဖြစ်​၏။ထိုပုံများထဲတွင် သူ့မိဘနှစ်ပါးနှင့်ဒရိုင်ဘာဖြစ်သူ​၏သွေးချင်းချင်းနီပုံရိပ်များသာမက၊ တစ်ဖက်ကပြိုင်ကားမောင်းသူ​၏ပွဲချင်းပြီးပုံရိပ်တို့က အထောက်အထားအပြည့်အစုံမျက် ဝါးထင်ထင်ဖြစ်သည်။

ရှောင်းကျန့်​၏လက်တို့အလိုအလျောက်အေးစက်လာသည်။အနည်းငယ်တုန်ယင်လာသည့်အခါ အရိပ်အကဲသိလွန်းသည့်ဒီယေဂိုက ရှောင်းကျန့်လက်ထဲကဖုန်းကိုပြန်ယူလိုက်သည်။

IneluctableWhere stories live. Discover now