အပိုင်း(၁၇) Unicode

838 104 22
                                    

နန်းတွင်း​၏အရှင်မင်းမြတ်တို့စံမြန်းရာ ဗဟိုနန်းဆောင်​၏ အိပ်ဆောင်သည် မီးရောင်ထွန်းလင်းနေလျက်ရှိသည်။မြောက်နန်းဆောင်မှပြန်လာပြီးအိပ်ရာဘေးရှိ စာဖတ်စားပွဲတွင်ဝမ်ရိပေါ်ထိုင်ကာလက်ထဲ၌ မြေပုံတစ်ခုကိုကိုင်၍ သူနောက်ထပ်သိမ်းပိုက်လိုသည့် တိုင်းပြည်ဖြစ်သော ကျန်းတိုင်းပြည်​၏လမ်းကြောင်းများကိုလေ့လာနေခြင်းဖြစ်သည်။

သန်းခေါင်ယံကြက်တွန်သံကိုဝမ်ရိပေါ်ကြားလိုက်ရပြီးဖြစ်သည်။မြေပုံကိုကြည့်နေခြင်းဖြစ်သော်လည်း စိတ်တို့သည်ပျံ့လွင့်လျက်ရှိပြီး အာရုံစိုက်မရဖြစ်နေ​၏။နားထဲစွဲထင်လာခဲ့သောအသံသည်ယခုထက်ထိသူ​၏နံဘေးတစ္ဆေငယ်တစ်ကောင်လာရောက်စွဲကပ်ငိုနေသကဲ့သို့ကြားနေရဆဲဖြစ်သည်။ထိုတစ္ဆေငယ်သည် ငိုနေရုံတင်မက၊သူ​၏ ရင်ဘတ်ထဲ မီးဝင်ရှို့နေသကဲ့သို့တမြိုက်မြိုက်ဖြစ်စေ​၏။

သေရည်တချို့သောက်သုံးခဲ့သည်ကြောင့်ရင်ပူနေခြင်းဖြစ်မည်ဟုအထင်ဖြင့်ရေတစ်ခွက်သောက်သည့်အခါအေးချမ်းမှုသည်လည်ချောင်းတစ်လျှောက်ဖြတ်သန်းသွားသည်။သို့သော်တဒင်္ဂသာဖြစ်ပြီး လောင် မြိုက်ခြင်းသည်ရင်ဘတ်ထဲဆက်လက်ရှင်သန်နေလျက်ရှိသည်။

ညအမှောင်သည်ကွယ်ပျောက်လာ၍နောက်ထပ်မနက် တစ်ခုသို့ရောက်ရှိလို့လာ​၏။

တစ်စုံတစ်ခုကိုအဆက်မပြတ် ခေါက်နေသကဲ့သို့ တတောက်တောက်မြည်သံကြောင့် ရှောင်းကျန့်​၏မျက်ခွံများလှုပ်လာသည်။နိုးနေပြီဖြစ်သော်လည်း အိပ်မပျော်ခင်ငိုခဲ့သည့်အရှိန်ကြောင့်မျက်ခွံများဖောင်းနေပြီးမျက်တောင်များသည်အစုလိုက် ဖြစ်နေသည့်အခါ မျက်လုံးများကိုချက်ချင်းဖွင့်လို့မရ။

"တောက်...တောက်...တောက်..."

တတောက်တောက်မြည်သံများကိုရှောင်းကျန့်ကြားနေရပြန်သည်။မျက်လုံးကိုအားယူပြီးဖွင့်လိုက်သည့်အခါမှာတော့ ဘေးတစောင်းအိပ်နေသည့်သူ့အရှေ့၌ ကြမ်းပြင်ကိုနှုတ်သီးလေးနဲ့ပေါက်နေသောကတ္တဝါငှက်လေးကိုတွေ့​၏။ခြေစုံထောက်၍တပေါက်ပေါက်နဲ့လည်း ခုန်နေသေး​၏။

IneluctableWhere stories live. Discover now