အပိုင်း(၄) Unicode

710 87 3
                                    

နက်ရှိုင်းသည့်တောနက်နေရာတစ်ခု၌ မြင်းခွာသံများဒုန်းဆိုင်းမြည်နေ​၏။ အကောင်နှစ်ဆယ်ထက်မနည်းသောမြင်းများထက်တွင်မောင်းနှင်သူအသီးသီးစီးနင်းလျက်ရှိပြီး၊ ထိုသူများ​၏ခန္ဓာကိုယ်ထက်၌ စစ်တိုက် ထွက်ချင်းနှင့်ဆင်တူသည့်ဝတ်စုံများကိုဝတ်ဆင်ထားကြ၍၊လက်ထဲ၌လှံ၊ဓားသွား၊လေးမြားတို့ကိုကိုယ်စီကိုင်စွဲထားကြသည်။

အမှန်စင်စစ်မှာမူထိုသူများသည်ကေသရာဇာတိုင်းပြည်မှ အတော်ဆုံးစစ်သည်များဖြစ်ကာ၊ စစ်ရေးလေ့ကျင့်ခြင်းအားအထောက်အကူပြုသည့် တောကောင်အမဲလိုက်ထွက်ခြင်းကိုပြုလုပ်နေကြခြင်းဖြစ်​၏။

ထိုသူတို့သည် ကိုယ်လုံးကိုယ်ပေါက်တောင့်ဖြောင့်ခိုင်မာကြကာ၊ အုန်းခွံရောင်၊နက်ပြာရောင်၊နီညိုရောင်စသည့်ဖြင့်အရောင်အသွေးပြည့်စုံထွားကြိုင်းလှသည့် မြင်းများထက်၌ ထည်ဝါနေကြပြီး၊ မျက်နှာထားတို့သည်ရဲရင့်ခြင်းနှင့်ပြတ်သားခြင်းကိုဖော်ပြလို့နေ​၏။သို့သော်ယခု၌မူ သူတို့အားလုံး​၏မျက်နှာပေါ်တွင် စိုးရိမ်ခြင်းနှင့်တုန်လှုပ်ခြင်းတချို့ဖြတ်ပြေးနေသည်။

"ချီ စစ်သူကြီး...တောကြီးရဲ့အနောက်အရပ်နဲ့မြောက်အရပ်မှာ အရှင့်သားကိုရှာလို့မတွေ့ခဲ့ပါဘူး..."

ထိုစစ်သည်တစ်ဦး​၏စကားကြောင့် ချီစစ်သူကြီး ခုနကထက်ပင်ပိုတိုးစွာခေါင်းမီးတောက်သွား​၏။သူတို့သည် ကေသရာဇာတိုင်းပြည်​၏တစ်ဦးတည်းသော အိမ်ရှေ့စံဖြစ်သည့်အရှင့်သားနှင့်နန်းတွင်းပြင်ပ၌ တောကစားထွက်စစ်ရေးလေ့ကျင့်သည်မှာယခုတစ်ခါပထမဦးပင်ဖြစ်​၏။

များမကြာသေးမီအချိန်ကအရှင့်သားအပါအဝင်သူတို့အားလုံးတို့သည် စိုင်သတ္တဝါကြီးတစ်ကောင်အားတွေ့ရှိကြ၍ ထိုစိုင်ကြီးနောက်သို့ မြင်းများဖြင့်ပြေးရင်းလိုက်ရင်းဖြင့် လူအုပ်များကွဲသွားကြခြင်းဖြစ်​၏။လူစုကွဲသွားကြသည့်လူများသည် အမဲမလိုက်ခင်က အမှတ် အသားပြုလုပ်ထားကြသည့် စုမှတ်နေရာသို့ပြန်လည်ရောက်ရှိလာသော်လည်း အရှင့်သားတစ်ဦးတည်းသာ ပြန်လည်ရောက်ရှိလာခြင်းမရှိတာဖြစ်​၏။

IneluctableWhere stories live. Discover now