အပိုင်း(၁၆)Unicode

658 96 8
                                    

"စိုးရွံ့မိပါတယ် မိဖုရားကြီး..."

မြောက်နန်းဆောင်​၏မုခ်ဦးကိုရံရွှေတော်များနှင့်ဖြတ် ကျော်ဝင်ရောက်လာသည့် ဝမ်မိဖုရားကြီးသည် ကာရံထားသည့် လူတံတိုင်းတစ်ခု​၏တားမြစ်ခြင်းကိုခံနေရခြင်းဖြစ်သည်။

"ရာရာစစ နင်တို့က ဘယ်သူ့ကိုများတားနေတာလဲ..."

ဝမ်မိဖုရားကြီး မြောက်နန်းဆောင်ဆီသို့ကြွမြန်းလာခဲ့ခြင်းမှာ သိလိုစိတ်ကိုချုပ်တည်းမထားနိုင်တော့ခြင်းကြောင့်ဖြစ်​၏။ချီစစ်သူကြီး​၏ပြောကြားချက်အရ မြောက်နန်းဆောင်ထဲမှာရှိနေသည့်သုံ့ပန်းသည်မို့လိဟွားတောမှဖြစ်သည်ဟုသိရပြီး၊ သူစောင့်ကြည့်ခိုင်းထားသည့်လူများ​၏သတင်းပေးပို့ချက်အရလည်း သူ​၏သားတော်ဖြစ်သူသည် မြောက်နန်းဆောင်ဆီသို့ ညတိုင်းလိုလို သွားရောက်သည်ဟုသိရှိထားခြင်းဖြစ်​၏။

မို့လိဟွားတောမှလူများ​၏ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်၍ကျော်ကြားမှုကို သူသိရှိပြီးသည်ဖြစ်သလို၊ သူ​၏သားတော် အမြဲလိုလိုသွားရောက်နေခြင်းသည် သမားရိုးကျမဖြစ်နိုင်ဟုတွေးဆမိခြင်းလည်းဖြစ် သည်။ထို့ကြောင့် ဒီနေ့ ထိုသုံ့ပန်း​၏မျက်နှာကိုသူတွေ့ဖူးရမှဖြစ်မည်။ဒီနေ့မှမတွေ့ရလျှင် သူဒီနေရာကပြန် ကိုပြန်မည်မဟုတ်။

"ဖယ်စမ်း..."

"ဘယ်သူ့ကိုမှပေးမဝင်ဖို့ အရှင်အမိန့်ချထားပါတယ် မိဖုရားကြီး..."

အရှင်မင်းမြတ်​၏မယ်တော်ဆိုသည့်ဂုဏ်ထူးဂုဏ်ပုဒ် အောက်တွင် ဝမ်မိဖုရားကြီးသည်မာန်ဟူသည့်အရာကိုဆွဲကိုင်ထားလျက်ရှိပြီး ယခုကဲ့သို့သူ့ထက်အဆင့်နိမ့် ပါးသည့် ရဲမက်များ​၏တားမြစ်မှုကြောင့်ဒေါသတို့ဖြစ်ပေါ်သည်။

"ငါ က ဘယ်သူမို့လဲ...နင်တို့အရှင်ရဲ့ မယ်တော်ပဲမဟုတ်ဘူးလား...ဖယ်ဆိုဖယ်..."

မည်သို့မှလက်လျှော့မည့်ပုံမရသည့် ဝမ်မိဖုရားကြီးကြောင့် အစောင့်အကြပ်ရဲမက်တို့အားဦးဆောင်သည့် လူသည်...

"ဒီလိုစကားမျိုးပြောရမှာ စိုးရွံ့မိပေမယ့် အရှင့် ခွင့်ပြုချက်ပါတယ်ဆိုရင် ကျွန်တော်မျိုးချက်ချင်းဝင်ခွင့် ပေးပါမယ် ခင်ဗျ...အရှင်ရဲ့အမျက်တော်ရှခံရမှာကို ကျွန်တော်မျိုးတို့မလိုလားတာကြောင့် နားလည်ပေးတော်မူပါ မိဖုရားကြီး..."

IneluctableWhere stories live. Discover now