အပိုင်း(၃) Unicode

704 89 6
                                    

"အင်းပါ ဝမ်...ကိုယ်မှတ်ထားပါ့မယ်..."

ထိုသို့ရှောင်းကျန့်ချိုမြိန်စွာရွဲ့ပြောပြီးနောက်မျက်နှာထားချက်ချင်းပြန်တည်သွားကာစားပွဲဝိုင်းမှထသည်။တစ်ဖက်မှစကားမဆုံးသေးဟန်ရှိသော်လည်း ရှောင်းကျန့်မည်သူ့ကိုမှဂရုစိုက်ခြင်းမရှိအနောက်ကိုပြန်လှည့်မကြည့်ဘဲထိုအခန်းတွင်းမှထွက်သွား​၏။

သူ့ဟိုတယ်ခန်းအတွင်းသို့ပြန်ရောက်လာသည့်ရှောင်းကျန့်က စားသောက်စားပွဲပေါ်မှာရှိနေသည့်လက်ကျန်ဝိုင်ပုလင်းကိုဖော့ဆိုဖွင့်ကာ ပုလင်းလိုက် မော့လိုက်​၏။ဝိုင်ပုလင်း​၏သုံးပုံတစ်ပုံခန့်ကျန်ရှိသောဝိုင်များသည်ရှောင်းကျန့်​၏လည်ချောင်းတစ်လျှောက် မီးစနဲ့ထိုးလိုက်သလို ပူဆင်းလို့သွား​ပြီး၊တစ်ချက်မနားသောက် လိုက်သည်ကြောင့်လည်းခေါင်းတစ်ခြမ်းချက်ချင်းထိုးကိုက်သွား​၏။

ဗလာကျင်းသွားသည့် ဝိုင်ပုလင်းကိုရှောင်းကျန့်လွှတ် ချသည်။ကိုက်ခဲနေသည့်ဦးခေါင်းကိုထိန်းကိုင်၍မွန်းကြပ်နေသည့်ဝေဒနာကိုသက်သာစေရန်သူ့အင်္ကျီမှကြယ်သီးများကိုဖြုတ်ပြီးရင်ဘတ်ကိုလစ်ဟာစေလိုက်​၏။ထို့နောက်အဝတ်အစားများလဲလှယ်ခြင်းမရှိတော့ဘဲ အိပ်ရာထက်သို့ခန္ဓာကိုယ်အားပစ်လှဲချလိုက်ကာမျက်လုံးများကိုမှိတ်ချပြီး ခေတ္တအကြာ၌ အိပ်ပျော်ခြင်းဆီသို့ကျရောက်သွား​၏။

ထိုအိပ်ပျော်နေစဉ်အတွင်းရှောင်းကျန့်အိပ်မက်တစ်ခုမြင်မက်ပြန်သည်။အိပ်မက်ထဲ၍အလွန်ကြည်လင် သော ကောင်းကင်တစ်ခုကိုတွေ့နေရပြီး ထိုကောင်းကင်ထက်၌ သိမ်းငှက်၊ လင်းယုန်၊ စွန်ရဲစသည့်သားရဲငှက်များနှင့်အတူ တစ်တီတူး၊ စာကလေး၊ ချိုး၊ ကြက် တူရွေး စသည့် လေပေါ်ပျံဝဲငှက်သတ္တဝါများသည်အေးချမ်းညီညွတ်စွာပျံသန်းနေကြသည်။

ပတ်ဝန်းကျင်သည်လည်း စိမ်းလန်းစိုပြည်သာယာ၍၊ ကောင်းမွန်သောဥတုရာသီ​၏ လတ်ဆတ်သောလေညင်းများကြောင့်စိတ်ချမ်းမြေ့ဖွယ်အတိပြီး​ကာ ထိုမြင်ကွင်းမျိုးမြင်မက်နေရသည့် ရှောင်းကျန့်အဖို့ အိပ်နေရင်းပင်ပြုံးယောင်သန်းနေ​၏။

IneluctableWhere stories live. Discover now