အပိုင်း(၁၉) Unicode

638 106 10
                                    

ဖုန်းထဲသို့စာများမရပ်မနားဝင်နေသော်လည်းရှောင်းကျန့်လျစ်လျူရှုမြဲရှုထားသည်။ဒီယေဂိုထံသို့လည်းဖုန်းဝင်တစ်လှည့်၊ စာပို့တစ်လှည့်အသံများဆက်တိုက်ဝင်လို့နေကာရှောင်းကျန့်​၏အမိန့်အရဖုန်းမျက်နှာပြင်ကိုပင် ကြည့်ခွင့်မရှိခြင်းဖြစ်သည်။ဖုန်းပါဝါပိတ်ထား၍ရသော်ငြား ရှောင်းကျန့် မပိတ်။သူ့ဘက်ကတမင်တကာလျစ်လျူရှုထားမှန်းတစ်ဖက်လူသိအောင်ဖြစ်​၏။

၁၅ မိနစ်ခန့်ကြာသည့်အခါ ဖုန်းနှစ်ခုလုံးသည်လုံးဝဥဿုံတိတ်ဆိတ်သွားသည်။တစ်ဖက်ကလက်လျော့သွားပုံရသည့်အခါ ရှောင်းကျန့်ပြုံးပြီး နာရီကိုကြည့် လိုက်​၏။ မနက် ၂ နာရီကျော်နေပြီဖြစ်သည်ကြောင့်ရော၊ လက်ရှိဖြစ်သွားသည့်ကိစ္စကြောင့်ပါ ဒီယေဂိုအား မီရှီဂန်သို့ ဒီမနက်မသွားတော့ဖို့ပြောသည်။ထိုစဉ် ဂိုဏ်းသားတစ်ဦးသူ့အိပ်ခန်းရှေ့သို့ရောက်လာကာ ဝင်ခွင့်တောင်းသည့်အခါ...

"ဘာလဲ..."

ထိုဂိုဏ်းသားသည်သူ​၏လက်ထဲကဖုန်းတစ်လုံးကိုရှောင်းကျန့်ကိုတိုက်ရိုက်မပေးဘဲဒီယေဂိုထံသို့ပေးသည်။

"ဒီဖုန်းထဲပို့ထားတဲ့ အသံဖိုင်ကိုနားထောင်ပါတဲ့..."

ထိုအခြင်းအရာကိုရှောင်းကျန့်ကြည့်ပြီး...

"အဲ့တာဘယ်သူ့ဖုန်းလဲ..."

"အိမ်ဝန်းရှေ့မှာစောင့်နေတဲ့ ခြင်္သေ့ဖြူတစ်ယောက်ဆီကပါ...သူ့ကိုလည်းအထက်ကဖိအားပေးနေတာကြောင့် အခက်တွေ့အောင်မလုပ်ဖို့အနူးအညွတ်တောင်းပန်စကားတစ်ခွန်းကိုပါပြောခိုင်းလိုက်ပါတယ်..."

အထက်ကပဲဖိအားပေးပေး၊ အောက်ပဲတွန်းအားပေးပေး သူနှင့်ဆိုင်သည့်ကိစ္စမဟုတ်၍ ထိုဖုန်းကိုယူထုတ် သွားရန်ရှောင်းကျန့်ပြောဖို့လုပ်လိုက်လျှင်ပဲဖုန်းထဲရှိအသံဖိုင်ကို ဒီယေဂိုလက်နဲ့ထောက်လိုက်ပြီဖြစ်သည် ကြောင့် အေးဆေးသည့်အသံတစ်ခုကိုရှောင်းကျန့်စတင်ကြားလိုက်ရ​၏။

"တစ်ခုခုဆို ဖုန်းမကိုင်တာ စာပြန်မဖြေတာ ဘာလဲတော့မသိပေမယ့် အခုပြောတာကိုသေချာနားထောင်...ဟောင်ကောင်ကနေတိုကျိုကိုလာဖို့ ၄ နာရီပဲကြာမယ်...မင်းအိမ်အထိဆို ၆ နာရီလောက်ပဲ...အဲ့တော့မင်းရွေးချယ် ကိုယ်မေးထားတာတွေကို ဖုန်းထဲကပြန်ဖြေမလား...ဒါမှမဟုတ်လူကိုယ်တိုင်တွေ့ပြီးတော့မှဖြေချင်လား..."

IneluctableWhere stories live. Discover now