28(Unicode)

3.3K 186 13
                                    

ခပ်ပျင်းပျင်းရိုက်ခံရတဲ့ အရှိန်ကြောင့် ရာချီတစ်ယောက် မူးမေ့သွားကာ။

ပြန်ထလာတာနဲ့အမျှ လှောင်ပိတ်ခံရသလို တိတ်ဆိတ်နေပြီး မိန်းမတစ်ယောက်၏ ငိုသံတွေကလည်း လေထုထဲ ဖုံးလွှမ်းလျက်။

"အင့် အဟင့် "

မျက်စိက လေးလံနေတာမို့ အချိန်ယူပြီး ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ငိုယိုနေတဲ့ မိန်းကလေးကရွာက ဆရာမလေး မြပိုးနွယ်သာ ဖြစ်လိမ့်မည်။

မြပိုးနွယ်က ဘာလို့ ဒီမှာ လာငိုနေရတာလဲ။
ညကလည်း ဘာတွေဖြစ်ခဲ့တာလဲ ဘယ်သူက ငါ့ကိုရိုက်ခဲ့တာ မဟုတ်မှ ဒီဆရာမကလား။

"ဒီမှာ ကျုပ်ဘယ်လိုဒီရောက်နေတာလဲ အဲ့က ဆရာမလေးကတော့ ဘာကိစ္စငိုနေရတာလဲ "

"ရှင်ကျွန်မကို မဟုတ်တာလုပ်ပြီးမသိချင်ယောင်ဆောင်မနေနဲ့ ကျွန်မ အခု ရှင့်လုပ်ရက်တွေကို သူကြီးကိုရော ဆရာတော်ကိုပါတိုင်ထားတယ် "

"နေပါအုန်း ကျုပ်ကဘာများလုပ်နေလို့လဲ"

သူနားမလည်နိုင်တဲ့ စကားတွေကို ဆက်တိုက်ငိုယိုပြောဆိုနေတဲ့ မြပိုးနွယ်ကြောင့် စိတ်ရူတ်မိပါသည်။
ဘေးပတ်ပတ်လည်ကိုကြည့်တော့လည်း အခု ဘယ်အိမ်ကိုရောက်နေရတာလဲ ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေတာ။

သို့သော် သူကြီးနဲ့ ဆရာတော်က ဦးဆောင်၍ လူတစ်စုက အုပ်လိုက်ရောက်လာကြ၏

"ရာချီမင်း"

ခွပ်!!!

"အဖေ.."

မျက်စိတစ်မှိတ်အတွင်းမှာ အဖေ့ဆီက ထိုးခံလိုက်ရတာကြောင့် ရာချီ ယိုင်သွားခဲ့ပြီး နူတ်ခမ်းနားတစ်ဝိူက်မှာပင်သွေကြည်ဥခဲ့၏ ဘာတွေဖြစ်နေတာလဲကိုလည်း အခုထိ မသိရသေး။

"ငါ့သားဖြစ်ပြီးတော့ အောက်တန်းကျရလားကွ မင်းအဖေလို့ ပြောခံရတောင် ရှက်တယ်ကွာ ငါရှက်တယ်"

"အဖေ အခုဘာတွေလာပြောနေတာလဲ ဘာကိစ္စနဲ့ ကျွန်တော့်ကို ထိုးရတာလဲ ကျွန်တော်နဲ့ပုံတိုင်းကို အခုထိ ခွင့်မပြုနိုင်လို့လား "

"အီးဟီးအင့်ဟင့်"

ရုတ်တရက် ထငိုလာတဲ့ မြပိုးနွယ်ကြောင့် အားလုံးက ရာချီရဲ့ ဖြေသံကို ဂရုမစိုက်ဘဲ မြပိုးနွယ်ကိုသာ အာရုံစိုက်နေကြ၏ ရွာထဲက လူတွေကလည်း မြပိုးနွယ်ကိုကျတော့ သနားတဲ့မျက်စိနဲ့ ကြည့်နေခဲ့ပြီး
သူ့ကိုတော့ တရားခံစစ်ခံရတဲ့ မျက်စိနဲ့ကြည့်နေကျသေးတာ။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now