19(Unicode)

5.2K 294 17
                                    

မနက်မိုးလင် ချိန်စပြုတာနဲ့ ဧည့်ခန်းမှာ
မဖွယ်မရာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်အိပ်နေတဲ့ ကောင်လေးနှစ်ယောက်ရယ် သူတို့နှစ်ယောက်နိူးမှာကိုထိုင်စောင့်နေတဲ့ သာလှရယ်သာ

"အင်းဟင်း"

ရာချီကတော့ ဘေးက အစ်ကိုတိုင်းထင်တာကြောင့် တင်းဖက်ထားလျက် ။

"အစ်ကို ခန္ဓာကိုယ်ကဘာကြောင့်သေး.အားးးးအမေ!"

အစ်ကိုထင်ပြီး ဟိုစမ်းဒီစမ်းကိုင်ခဲ့ပြီးမှ
အစ်ကိုနဲ့တူမနေတာကြောင့် မျက်စိဖွင့်ကြည့်ခဲ့တော့ ကျန်စစ်သာ ဖြစ်နေခဲ့တာကြောင့်
ရာချီတစ်ယောက် အမေကို တနေတော့သည်။

"အား....မင်း "

"မင်းမင်း မင်းဘယ်လို‌လိုငါ့အိမ်ရောက်နေတာ"

"ငါငါငါ မင်းအိမ်ကို ဘယ်လိုရောက်နေတာ"

"မင်းငါ့အိမ်ကို ဘယ်လိုရောက်နေလဲသာအရင်ဖြေ "

"ငါမင်းအိမ်ကိုဘယ်လိုရောက်နေလဲသာအရင်ဖြေစမ်းပါ "

"ငါလိုးမသား"

"မအေဘေး"

နှစ်ယောက်သာ အဆဲလေးတွေနဲ့ အစပြုပြီးမှ သာလှကိုမြင်လိုက်တော့ သာလှရဲ့မျက်နှာက ပြုံးစိစိဖြစ်နေပြီး အမြင်ကပ်စရာ။

"မင်းဘာဖြစ်တာ သာလှ "

"ကဲ ကျန်ကျန်ရော ရာရာ ရော မမှတ်ကြဘူးလားဗျ "

"ကျန်ကျန်ဟုတ်လား ?"

"ရာရာ??"

"ဟင်..."

"ဒါဆို "

"ကျန်ကျန်ကလည်းကွာ ရာရာကလဲကွာ အယားငယ် မိန်းမရေ အင့်ဟင့် "

စသဖြင့် အသံတွေကို နှစ်ယောက်သားပြန်‌ကြားယောင်မိပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်တာင်တောင်နဲ့ကြည့်ပြီး

"မဖြစ်နိုင်ဘူးမလား "

"ဖြစ်နိုင်စရာလား"

"ဟား ဟား ရွံစရာကြီး အော့ "

နှစ်ယောက် ခေါင်းကိုသာ အသကုန်ဖွပြီး ပျို့လုနီးနီး။
မူးလာပြီဆို အသိစိတ်ပါပျောက်သွားတာ အဆိုးဆုံးပင်။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now