9(Unicode)

6.7K 384 16
                                    

"ဒါ အလှူကောက်မယ့်လူအကုန်ဘဲလား"

"မင်းမြင်တဲ့အတိုင်းဘဲ ငါလဲ ဒီလူတွေဘဲသိတယ်"

လူစုခိုင်းပါတယ်ဆို ထန်းရည်ဝိုင်းကလူတွေခေါ်လာသလားဘဲ။
လှူခံရမှာက ဒီနေ့။ ဒီကြားထဲ ဇာတ်ပွဲကြောင့်စင်က လုပ်ထားရအုန်းသည်။

"ရာချီမင်းတကယ်စောက်သုံးမကျတဲ့ကောင်ဘဲ"

"ဘာကွ!! ဒါဆိုမင်းသွားရှာလေ "

"ငါနဲ့တည့်တာ ကြည်နူးဘဲရှိတယ်ကွ"

"ငါနဲ့တည့်တာလဲ သာလှဘဲရှိတယ် "

"တကယ် ဆရာတော်ကိုစဉ်းစားလို့ကိုမရဘူး"

ကျန်စစ်ပြောတာကို လိုက်ထောက်ခံချင်ပေမယ့် ကျန်စစ်မို့လို့ကို မထောက်ခံချင်ပါ။
သူပြောတာကလည်းအမှန် ရွာထဲမှာ သူတို့နှစ်ယောက်အကြောင်းကို မသိတာလဲမဟုတ်ဘဲ
သက်သက်ကြီးကိုခိုင်းတာ။

"အကိုလေးတို့ကျွန်တော်တို့ တစ်ဆင့်ချင်းစီသွားကြမလား ဒီနေ့အလှူလိုက်ခံမယ် ‌နောက်နေ့ စင်ထိုးမယ်ဆိုရင်ရော "

"တခါတည်းလုပ်တော့ တခါတည်းပြီးတယ်လေကွာ"

"လူမှမလောက်တာဗျာ "

လူကတော့တကယ်မလောက် ရက်ရေးရွာရေးဆို ဆက်တိုက်ကြီးမလုပ်ချင်ပေမယ့် တရက်ထဲအပြီးလုပ်ချင်သည် လူအင်းအားကလည်းမလောက်။
သို့သော် လူအင်းအားများအောင်လုပ်မယ့်နည်းကိုတော့စဉ်းစားမိပြီ။

"ပုံတိုင်းရေ ပုံတိုင်း"

"အင်း ရာချီဘာလာလုပ်တာ"

ပုံတိုင်း‌ရဲ့ဆိုင်ကိုလာပြီး အကူအညီတောင်းရန်သာဖြစ်သည်။
ပုံတိုင်းကတော့ အပေါင်ဆိုင်ဖွင့်ထားပြီးသူငှေးဆိုတော့ ကြည့်လို့ရရ မရရ ပုံတိုင်းကိုဘဲ ကပ်ဖားကြသည်။

"ငါတို့ ဘုရားပွဲအတွက် တာဝန်ကျတာသိတယ်မလား "

"သိတယ်လေ ဘာလို့လဲ "

"အက်တာ လူမလောက်ဘူး"

"ကိုယ့်ကို လူများအောင်လုပ်ပေးစေချင်တာလား "

"ဟုတ်တယ် ဘာဘဲဖြစ်ဖြစ်မင်းနဲ့သိတဲ့သူက ပိုများတယ်လေ အာ့ကြောင့် ပြီးတော့လူတွေကလည်းရက်ရေးရွာရေးအတွက်ဘဲ မင်းတောင်းဆိုရင်တော့လုပ်ပေးမှာပါ ဒါကြောင့် ငါ့ အာ "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now