22(ZawGyi)

1.3K 39 4
                                    

ဆေးခန်းက ပြန်တာနဲ့ အရင်ဆုံး သူ၏မိဘအိမ်ကိုသာ သွားဖြစ်ခဲ့၏
အိမ်ရောက်တဲ့အခါမှာ ပုံတိုင်းရဲ့ မျက်နှာက အသက်လည်းမပါတော့သလို အေးတိအေးစက်နဲ့ ဖြစ်နေ၏

"သား အမေတို့ဆီ ပြန်လာတာလား "

"ကျွန်တော် ပြောစရာရှိလို့လာခဲ့တာပါ"

"အင်းပြောလေ"

"ကျွန်တော် နာကျင်ရတယ် အသွေးအသားက နာကျင်တာမဟုတ်ပေမယ့် နှလုံးသားထဲမှာ တစ်ဆစ်ဆစ်နဲ့ နာကျင်နေတယ် ထိုနာကျင်မှုကနေ အရမ်းတွေ မွန်းကြပ်ပြီး ခံစားရလွန်းလို့ ကျွန်တော် သေချင်စိတ်ပါဖြစ်နေပြီ အမေ"

"မင်းရဲ့ရာချီကို ငါရိုက်လိုက်လို့လာပြောနေတာလား သူ့ကိုရိုက်လို့ ငါ့ကိုပါ ပြန်ပြောချင်နေတာလား ပုံတိုင်း"

"အမေ အထင်မှားနေပြီ အမေရိုက်လိုက်တာ ရာချီမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်ဖြစ်နေတယ်လေ အမေကအဲ့ကလေးကိုရိုက်ရုံတင်ရိုက်လိုက်တာမဟုတ်ဘဲ ကျွန်တော့် နှလုံးသားကို ဆူးချွန်နဲ့ဆောင့်ထိုးလိုက်တာ"

"ပုံတိုင်းရယ် ပုံတိုင်းမင်းဘယ်တုန်းကအဲ့လောက်ထိ မိုက်မဲလွန်းသွားရတာလဲ"

"ရာချီဆိုတဲ့ ကလေးက ကျွန်တော် မြတ်နိုးတာထက်ပိုတဲ့ ကလေးတစ်ယောက် သူ့ရဲ့ပါးမို့မို့လေးတွေကလည်း ကျွန်တော်မြတ်နိုးတဲ့အရာတစ်ခုဘဲ.. မဟုတ်ဘူး သူ့ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို ကျွန်တော်မြတ်နိုးလွန်းလို့ ဘာအနာတရမှ မဖြစ်စေချင်ဘူး နောက်ထပ်ပြီး ရာချီကို အဲ့လိုမလုပ်ပါနဲ့
ကျွန်တော်ခံရခက်လွန်းလို့ပါ "

"မင်းကအဲ့လိုပြောလေလေ ငါကပိုချင်လေဘဲ"

"ဟုတ်ကဲ့ပါ ဒါပေမယ့် အမေမှတ်ထားပေးပါ
အမေ ရာချီ့ကိုရိုက်ရင် ကျွန်တော်ကဆယ်ဆ နာကျင်ရတာမို့ အမေရိုက်တာ ရာချီမဟုတ်ဘဲ ကျွန်တော်သာ ဖြစ်နေလိမ့်မယ်လို့ သိထားပေးပါ "

ပုံတိုင်းရဲ့ စကားတွေကြောင့် ဒေါ်မြကြည့်ခေါင်းသာ ခါလိုက်ပေမယ့် ပုံတိုင်းကတော့ ဒါကိုဂရုမစိုက်ဘဲ ပြောချင်ခဲ့တာတွေပြောပြီး ထွက်သွားဖို့လုပ်နေတဲ့ အချိန်မှာ ဒေါ်မြကြည့်က ‌လက်ကိုလှမ်းဆွဲလာလေ၏

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now