2(Unicode)

10K 584 21
                                    

"အရက်ကို ကြိုက်လို့ သောက်တဲ့သူ စိတ်ပျော်တက်လို့သောက်တဲ့သူ "

"ဒန့်! ဒန့်! ဒန့်! လာ! လာ! "

"သောက်ပစ်လိုက်မယ်အရက်များများ "

"ဒန့်! ဒါ! ဒါ! ဒန့်!"

ရာချီက ဆိုလျှက် သာလှကလည်း သူ့အသံနဲ့သူထောက်နေသေး။

"သာလှ !!"

"ဗျ အကိုလေး"

"စောက်ရမ်းသောက်လို့ကောင်းတယ်ကွာ"

"ဒါပေါ့ဗျာ အေ့ "

မထင်မှတ်ဘဲ လေတက်လာတာကြောင့်
ရာချီတစ်ယောက် သာလှကိုကြည့်၍ လှောင်လိုက်သေး၏

"သာလှ မင်းနည်းနည်းဘဲသောက်ရသေးတာကို ရေချိန်တက်နေပြီလားကွ "

"တက်မှာပေါ့ကျွန်တော်က အကိုလေးလိုအရက်သမားမှ မဟုတ်တာ"

"ဘာ!!ဒါဆို ငါကအရက်သမားပေါ့"

မူးနေလို့ပါးစပ်က ပြောထွက်လိုက်ပေမယ့်
ထွက်လာတဲ့ စကားက ရာချီအရိူက်တည့်တည့်ကိုထိစေ၏

"ကျွန်တော်ပြောတာအဲ့လိုမဟုတ်ပါဘူး အကိုလေးရာချီက ဘက်စုံတော်တယ်လို့ပြောပြတာပါ"

အခုမှမာန်တက်ပြီး စွပ်ကျယ်ဝတ်ထား၍ မရှိတဲ့ ကော်လံတွေသပ်နေသေးတာ

"အဟက် ဒါမှပေါ့"

ရာချီနဲ့သာလှကတော့ ညမရောက်သေးဘူးမူးနေကြပြီဖြစ်၏ ပုံမှန်ဆို သိပ်မသောက်ပေမယ့်လည်းကြက်ပွဲမှ အနိုင်ပန်းလာသည်မို့သာသောက်ခဲ့ကြ၏
သူကြီးသိရင်တော့ဆူမှာသေချာသည်။

"အကိုကျန်စစ်က အခုတလော အဲ့အပေါင်ဆိုင်ကို ဓာတ်ကျနေတာထင်ပါရဲ့"

"ဘယ်လို"

"ဟိုမာကြည့်လေ အခုလဲအပေါင်ဆိုင်ရောက်နေပြီ ဂျီးတော်က ကောက်မစိုက်လို့ပိုက်ဆံမပေးဘူးထင်တယ်"

မြင်နေရတဲ့ပုံစံကဒေါက်မကျိုး ရာချီကိုကျ သူ့ပထွေးလို့ဆက်ဆံနေပြီး
အခုပုံတိုင်းဆောင်ကိုကျ သူ့၏မယားလို့ဆက်ဆံနေတာများမြင်မကောင်း။

"ဟုတ်ပါပြီ မြောက်ဘက်ကအကြောင်းခနထားအုန်း အခုဘာလာပေါင်တာလဲ"

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now