23(Unicode)

4K 250 34
                                    

‌ထိုခေါ်သံကြောင့် ကျန်စစ်တစ်ယောက် တုန်လူပ်သွားခဲ့၏ အဘယ်ကြောင့်ဆိုလျှင်
နောက်မှာ အမေရှိနေသည်လေ..

"ဟိုဟို ဒေါက်တာ လူမှားနေတာထင်တယ်ဗျ"

"မမှားပါဘူး ကိုကို့ကိုဘဲ ခေါ်တာ ကိုကို"

"ခင် ခင်ဗျာ.."

ဖက်!!

"အာ!"

"ကျန်စစ် နင်ဘာတွေရူတ်ထားပြန်တာလဲ "

အမေကတော့ အပြောထက် လက်ကအရင်ဖြစ်နေတာကြောင့် နီးရာ ကျောကို အရင်တီးချလိုက်၍

"အမေ.. သားဘာမှမရူတ်ဘူး "

ဖက်!

"နင်မရူတ်ရင် သူကအဲ့လိုခေါ်စရာလား"

ဖက်!

"အာ့ အာ့ နာတယ် သားမှမသိတာ သူဘာသာခေါ်နေတာ"

"ကိုကို!"

ဖက်!!

"ကိုကို!"

ဖက်!!

"အာ့ တော်ပါတော့ သားကျောစုတ်တော့မယ်"

"နင်မရူတ်ရင် ငါလည်းရိုက်စရာမလိုဘူးလေ နင်ရူတ်ထားလို့ငါရိုက်တာပေါ့"

"သားမှမသိတဲ့ကိစ္စကို အဟင့် ဒီမှာ အဲ့ကဒေါက်တာကဘာလို့ကျွန်တော့်ကို ကိုကို လို့ခေါ်နေတာလဲ "

"ကိုကိုမို့လို့‌ကိုကိုခေါ်တာကို ကိုကိုက ဘာဖြစ်တာလဲ "

ဟင်ဘာတွေလဲဘာတွေလဲ ဘာတစ်ခုမှလဲမသိရဘဲ ဘလိုင်းကြီးကိုကိုလို့ခေါ်ခံရတဲ့အပြင်ဘလိုင်းကြီးရိုက်‌ခံနေရတာကြောင့် ကျန်စစ်တစ်ယောက် ငိုချင်စိတ်တွေပါပေါက်လာရတော့သည်။

ဖက်!!!

"အာ့ "

"တွေ့လားတွေ့လား နင်ဆရာဝန်တွေနဲ့ပါပတ်ရူတ်နေတာလားကျန်စစ်"

"မဟုတ်ဘူးလို့ဘာလို့ရိုက်နေရတာလဲ ဒီမှာကျွန်တော့်ကို ကိုကိုလို့မခေါ်ပါနဲ့တော့ဗျာ ကျွန်တော်နာနေပြီလို့ အဟွန်း အဟင့် "

"သိဘူးသိဘူး ကျွန်တော်က ကိုကိုလို့ဘဲခေါ်တော့ မှာဆုံးဖြတ်ပြီးပြီ "

"ဒီ!"

ဖက်!!

အချိန်တစ်ခုရောက်တော့မှ ကျန်စစ် ထိုဆရာရှိတဲ့နေရာကိုလိုက်ရှာနေခဲ့၏ သူ့ကို ကျောစုတ်အောင်လုပ်ထားတဲ့သူမို့ မကျေနပ်ပါ စာရင်းတော့ ရှင်းရအုန်းမည်။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now