7(Unicode)

6.8K 415 10
                                    

"ဆရာတော် ငါ့ကိုလာပြောတယ် မင်းတို့ ပြဿနာရှာလိုက်ပြန်တယ်ဆို "

"သားမဟုတ်ပါဘူးနှင်းရည်ပါ "

နှင်းရည်ကတော့ စူပုတ်လျှက် မသိရင် သူ့ကဘဲမှန်သလိုနဲ့ ဆရာတော်ကို သွားတိုင်တယ်ဆိုတော့ ကြည့်လို့ကိုမရနိုင်တော့ပါ

"ဟုတ်လားနှင်းရည် "

"ဟုတ်တယ် "

"နင့်တို့ကိုငါပြဿနာ မရှာခဲ့နဲ့လို့မပြောလိုက်ဘူးလား "

"ပြဿနာမရှာပါဘူး ပါးစပ်နဲ့ဘဲပြောလိုက်တာပါ သူတို့က ဘာလို့ နှင်းရည်ရဲ့အကိုတွေကိုလာခိုင်းလဲ "

"သူမနိုင်လို့ သယ်ခိုင်းတာနေမှာပေါ့ ဟိုက ယောင်္ကျားတွေ သယ်နိုင်တာဘဲလေ "

"အိုဟို မသယ်ခိုင်းပါနဲ့ နှင်းရည်ကလည်း ရေသာခိုအချောင်လိုက်တဲ့သူကိုအရမ်းမုန်းတာ နှင်းရည်ကိုယ်တိုင်လည်းး မြို့က အဝတ်တွေပါလာရင် ကိုယ့်ဟာကိုယ်ဘဲသယ်တာ ဘယ်သူမှအားမကိုးဘူး "

ရေးသာခိုအချောင်လိုက်တယ်ဆိုတဲ့စကားကြောင့် တစ်စုံ‌တစ်ယောက်တော့ ထိုင်ရမလိုထရမလိုတွေ ဖြစ်လို့။

"အဲ့တာထားစမ်း တစ်ခါတရံလေးကူညီခိုင်းတာလေ နင်ကအက်လိုပြောလိုက်တော့
ငါသူကြီးလေ ဆရာမလေးတွေကိုဘယ်လိုမျက်နှာပြရမလဲ ရွာနမည်လဲပြတ်အုန်းမယ် နည်းနည်းပါတွေးစမ်းပါ "

"မတွေးနိုင်ပါဘူး "

အဖေပြောတာမဆုံးသေးဆောင့်အောင့်ပြီးထွက်သွားတာကိုမြင်တော့ ရာချီပါသူ့ညီမနောက်လိုက်သွားရ၏

"နှင်းရည် အဖေကလေ ဘယ်လိုသူကြီးဖြစ်တာလဲမသိဘူး "

"ဟုတ်ပါ့ ပိုက်ဆံသိမ်းဖို့နဲ့ ဆူငေါက်ဖို့ဘဲသိတာကိုဘယ်သူက ခန့်လိုက်လဲမသိ "

ရှေ့မှာတော့အတင်းမပြောရဲတာကြောင့်နောက်ခန်းမှာဘဲ နှစ်ယောက်သား အတင်းတုတ်ကြ၏

"ထားပါ ဒီနေ့ကိုကိုပုံတို့ဆီသွားနော် "

"အင်းပါ "

"ကိုကိုပုံ့ဆီဘယ်သူလာလာလက်မခံနဲ့တော့ ခွေးလိုသာ အော်ထုတ် "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now