##Unicode##
နေယံမောင် မနက်စောစောစီးစီးကြားလိုက်ရတဲ့သတင်းတွေကြောင့် သွေးပျက်နေရသည်။သူ့တွင်းလုပ်ငန်းတွေပိတ်ပြစ်လိုက်ရပြီတဲ့။ ဒီတွင်းတွေကသူ့ရဲ့အဓိကစီးပွားရေးမဟုတ်လား။ခုလိုပိတ်ပြစ်လိုက်ရတော့ သူ့စီးပွားရေးယိုင်နဲ့ချေပြီ။တခြားအသေးစားလုပ်ငန်းတွေလဲထိုနည်းတူစွာ အရှုံးပေါ်ရသည်နှင့် ပြဿနာဖြေရှင်းရသည်နှင့် အလျော်ပေးရသည်နှင့် တစ်ခုမှအဆင်မပြေပေ။
ထိုအကြောင်းအရာတွေအားလုံးရဲ့နောက်ကွယ်မှာ ဆည်းဆာပျိုရှိနေမည်ဆိုတာ သိသော်လည်း နေယံမောင်ဘာမှမလုပ်နိုင်သေး။
တစ်ရက်မှာတော့.... ဆည်းဆာပျို နှင့် ညီမဖြစ်သူ သော်တာမောင်တို့ရောက်လာခဲ့သည်။
သော်လေးရဲ့ပုံစံကိုမြင်ရတာ နေယံမောင်တို့ ကြောက်စိတ်ဝင်နေပြီ။သော်လေးဟာအရင်လိုမဟုတ်တော့ဘဲ
နေယံမောင်ကိုပြန်တိုက်နိုင်ဖို့ ပြောင်းလဲထားသည်မဟုတ်လား။"ဆည်းဆာပျို!! မင်းတို့ငါ့အိမ်ဘာလာလုပ်တာလဲ"
"စကားကိုဆင်ခြင်ပြောပါ ကိုနေယံမောင်။ဒါဘယ်သူ့အိမ်လဲ"
"မင်း!!"
"ဘာလဲ မမှတ်မိတော့ဘူးလား ။သော်လေးလေ ကို ကိုရဲ့...။"
သော်တာမောင်၏အသံမှာ ခနဲ့သံ။မှဲ့ပြုံးလေးပြုံးကာဆိုသည်မှာ သူမနှင့်မလိုက်ဖက်သော်ငှား ကြည့့်ကောင်းနေပြန်သည်။
"မင်းတို့အခုချက်ချင်း ငါ့ခြံဝန်းထဲကထွက်သွား။"
"အိုး ခုထိဥစ္စရူး နေတုန်းလား။ရှင့်အပိုင်လို့ထင်နေတုန်းလား။"
ပျို၏စကားကိုနေယံမောင်မှ နားမလည်သလိုကြည့်လာသည်။
ပျိုမှ အပြင်မှာကြိုစောင့်နေသည့်သူတွေကိုလာခဲ့ဖို့ခေါ်လိုက်တော့သည်။
ရှေ့နေတစ်ဦးပင်။
"သူက.."
"ရှင့်မိဘတွေလက်ထက်တည်းက ယုံကြည်စိတ်ချခဲ့ရတဲ့အတွင်းရှေ့နေလေ။"
"ဦးမောင်က သူမသေခင် သမီးဖြစ်သူ သော်တာမောင်
မွေးပြီးကတည်းကနေ သူ့ရဲ့ပိုင်ဆိုင်မှုစာချုပ်စာတန်းတွေအားလုံးကို သော်တာမောင်နာမည်နဲ့လွှဲထားပြီးသားပါ။တကယ်လို့သူတို့ဆုံးပါးသွားတဲ့အခါ နေယံမောင်တို့
မောင်နှမနှစ်ယောက် သင့်သင့်မြတ်မြတ်ရှိကြရင်
ဒီကိစ္စကိုထုတ်မပြောသေးဖို့မှာထားပြီး နေယံမောင်ဘက်က အမွေတွေကိုလက်ဝါးကြီးအုပ်လာခဲ့ရင် ခုလိုဆောင်ရွက်ပေးဖို့ အမှာပါးထားပါတယ်။ဦးထင်တာက နေယံမောင်တို့မောင်နှမကသင့်သင့်မြတ်မြတ်ရှိခဲ့တယ်ဘဲထင်ခဲ့တာ။ဆည်းဆာပျိုလာပြောတော့မှ ခုလိုအမြန်လာစီစဥ်ပေးရတာပါ။"
YOU ARE READING
Pity Love🔞(သနားချစ်)
Short Storyမွန်းအကြောက်ဆုံးက အမျိုးသမီးတစ်ယောက်တဲ့။ 🔞ပါတာမို့ ကလေးတွေမဖတ်ကြနဲ့နော် သတိပေးတာ။